Wednesday, December 2, 2009

အခန်း (၁၅)

(၁၅)
ဈာပန အခမ်းအနား၏ အလှသည် ကွိကို ဖမ်းစားလိုက်လေသည်။
ဖီဖီ၏ ဈာပနကို မြို့ပြင် တောအုပ်ကလေးများကြားရှိ ဘုရားရှိခိုးကျောင်းတွင် သရဏဂုံတင်သည်။ ဤနေရာတွင် ဖီဖီ၏ဖခင် မစ္စတာပိန်တာ မွေးဖွားကြီးပြင်းခဲ့သည်။ ဖီဖီလည်း နေထိုင်ကောင်းစဉ် ဥပုသ်နေ့တိုင်း ဤဘုရားရှိခိုးကျောင်းသို့ လာ၍ တနင်္ဂနွေ ကျောင်းတက်လေ့ရှိသည်။

တောအုပ်ကလေးများထဲတွင် လမ်းလျှောက်ရင်း ဝ၀ပြဲပြဲ မျက်နှာနီရဲရဲ လူကြီးတဦးနှင့် ကွိတွေ့သည်။ မော်တော်ကားမောင်းသမားကြီးဖြစ်သည်။ ဖီဖီနှင့် အလွန်ခင်သည်။ စေတနာရှင်မလေး ဖီဖီ့အကြောင်းကို စုံတကာစေ့အောင် လေကြောရှည်ဆွဲ၍ ပြောပြနေသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ကျော်က တင်မ်က သူ့ကို ဘုရားရှိခိုးကျောင်းတခုသို့ ခေါ်မသွားခဲ့ဘူးဆိုလျှင် ယခုအကြိမ်သည် ကွိအဖို့ ဘုရားရှိခိုးကျောင်းထဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်မည်။ ၁၄ နှစ်သားမှစ၍ ဘာသာရေးကို ယုံကြည်မှု၏ အထွတ်အထိပ် ဓလေ့တခုကို သူမျက်မြင်ကိုယ်တွေ့ ကြည့်နေရသည်။

ကွိသည် နှစ်နှစ်ကာကာ စိတ်ဝင်စားစွာ သူ့ပတ်လည်ကို လှည့်ကြည့်သည်။ အလင်းရောင်မှိန်မှိန်။ ကြေကွဲသော မျက်နှာများဖြင့် ခုံတန်းပေါင်းများစွာ၌ ထိုင်နေသော လူများ။ ထူးဆန်းပေစွ။ အံ့ဩစရာနှင့် အတိပြီးသည်တကား။ အသွေးအသား သေသော်လည်း လူမသေဟူသော အနိုင်မခံ အရှုံးမပေးသည့် ယုံကြည်ချက်။ ဆင်ခြင်တုံတရားကို အံတုသည့် စိတ်ဓာတ်။ မယုံကြည်နိုင်လောက်အောင် ကြီးမားသော မြတ်နိုးခင်တွယ်မှု ဗီဇစိတ်။ ဤဆန်းပြားသော အခြင်းအရာတို့၏ ထူးခြားချက်သည် အဘယ်နည်း။
ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ဟဓမ္မသစ်ကျမ်း။ ။ ရှင်ယောဟန် ခရစ်ဝင် ၁၁း၂၅။]

ကျယ်လောင် လှိုက်လှဲသော အသံသည် ရုတ်ချည်း ပေါ်လာသည်။ လူအများချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ကွိလည်း အစောဆုံး ထရပ်လိုက်သည်။ သူ့မျက်လုံးသည် ဝက်ရုံဖြူ ဝတ်ဆင်၍ တလှမ်းချင်း လျှောက်လာသော လူငယ်တဦးအပေါ်သို့ ရောက်သွားသည်။ သူ့မျက်နှာသည် ပျို့သစ်စ နံနက်အရုဏ်ကဲ့သို့ လန်းဆန်းသည်။ သူသည် စာအုပ်တအုပ်ကို ဖွင့်လိုက်၏။ သို့သော် စာအုပ်ကို မကြည့်။ လောကပြင်ပသို့ မျှော်ကြည့်နေသယောင် ဦးခေါင်းကို မော့ထားသည်။
]ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါ မြင်မည်။ သူတပါး မြင်သည်သာမက ငါသည် ကိုယ့်မျက်စိနှင့် ဖူးမြင်မည်}}
ဟဓမ္မဟောင်းကျမ်း။ ။ ယောဘဝတ္တု ၁၉း၂၇]
ထိုလူငယ်၏ ကျောဘက်တွင် ပန်းစည်းပန်းခွေများ အဆင့်ဆင့် ဖုံးနေသည့် ဖီဖီ၏ မသာခေါင်းရှိသည်။ ခရစ်ယာန်သံပြိုင်ဝတ်သီချင်းများ အပြန်အလှန် ဆိုကြပြီးနောက် ထိုလူငယ်က သမ္မာကျမ်းလာ ဓမ္မစာများကို ရွတ်ဖတ်သည်။ ထို့နောက် လေမှုတ်စန္ဒယားသံ ပေါ်ထွက်သည်။ သံပြိုင်ဝတ်သီချင်းဆိုသည်။

]သူတော်စင်တို့ လုပ်ငန်းခွင်မှ အနားယူကြပြီ}
သူတော်စင်။ ဖီဖီကို သူတို့ ဒီလိုပဲ အပြီးအပိုင် သတ်မှတ်နေကြပြီ။ စဉ်းစာသာ ကြည့်ပေတော့။ လွန်ခဲ့သည့် ရက်သတ္တပတ်ကပင် ဖီဖီကို သူ နှင်းဆီပန်းများ ပို့ခဲ့သေးသည်။

လက်အိတ်နက် စွပ်ထားသော လက်တခုက ကွိအား နောက်မှ နေ၍ ဖွင့်လျက်သား စာအုပ်တအုပ် ပေးလှာသည်။ စာအု့ပ်ကို သူအသာကိုင်ထားလိုက်သည်။ စောစောက တွေ့ခဲ့သည့် မော်တော်ကားသမားကြီးက ]]သူတို့ဆိုနေတာ ဒီသီချင်း}} ဟု စာအုပ်ပေါ် လက်ထောက်ပြရင်း လေသံဖြင့် ပြောသည်။
]ရန်အမှုတို့ ပြင်းပြချိန်၊ စစ်ပွဲတို့ ရှည်လျားချိန်တွင် အဝေးမှ အောင်တေးသံသည် နားထဲသို့ စိမ့်ဝင်လာသည်။ ရဲသွေးတို့ တက်ြွကလာသည်။ လက်ရုံးတို့ သန်မာလာသည်}

သရဏဂုံတင်အပြီးတွင် မသာခေါင်းကလေးကို ဘုရားရှိခိုးကျောင်းဝင်းထဲသို့ သယ်သွားသည်။ မြေမှုန့်မှ မြေမှုန့်အဖြစ်သို့ ရောက်စေလေပြီ။ အဝတ်နက် ဝတ်ဆင်ထားသော မိန်းမများ၏ ငိုရှိုက်သံပေါ်လာသည်။ ထိုအချိန်တွင် ခေါင်းပျဉ်ပေါ်သို့ ပထမဆုံး မြေစိုင်ခဲ ဒုတ်ကနဲ ကျသည့် ကြေကွဲဖွယ် အကောင်းဆုံး အသံကို ကြားလိုက်ရလေ၏။ စောစောက တွေ့ခဲ့သည့် မျက်နှာနီရဲရဲ ကားသမားကြီးပင် မျက်ရည်တွေ စီးကာ ငိုကြီးချက်မ ဖြစ်နေသည်။

ဟထာဝရအရှင် ဘုရားသခင်သည် ]သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်} ဟု မိန့်တော်မူ၏ (သမ္မာကျမ်းစာ။ ကမ္ဘာဦးကျမ်း၊ ၃း၁၉)]

အိမ်အပြန် ဓာတ်ရထားပေါ်တွင်မူ ကွိသည် သူ့အတွေးများကို ဆင်ခြင်တုံတရား လမ်းကြောင်းပေါ်သို့ ပြန်လည် တည့်မတ်ပေးနိုင်တော့သည်။

ဝိညာဉ် ထာဝရ တည်မြဲသည်ဆိုသော သဘောတရားသည် ဆင်ခြင်တုံတရားပေါ်၌ မရပ်တည်နိုင်။ စိတ်ဆိုသည်မှာ ဓာတ်လေးပါးဖွဲ့စည်းမှုမှ ပေါက်ဖွားသော အရာသာဖြစ်သည်။ သေခြင်းတရား၌ အဆုံးရှိသော ဓာတ်လေးပါး အဖွဲ့အစည်း ပျက်ပြယ်သောအခါ စိတ်လည်း ကွယ်ပျောက်ရသည်။ ဖယောင်းတိုင်မှ မီးကို မှုတ်ငြိမ်းလိုက်သလို ဖြစ်သည်။ သို့ရာတွင် လူ့သမိုင်းတလျှောက်လုံး ဤသဘောတရားသည် တည်တံ့ နေခဲ့သည်မှာ မယုံနိုင်စရာ ဖြစ်၏

သိပ္ပံပညာသည် ထိုသဘောတရားကို အဖန်တလဲလဲ ချေဖျက်ခဲ့သည်။ သို့သော လူအပေါင်းတို့သည် သိပ္ပံပညာကို လက်မခံခဲ့။ သိပ္ပံပညာကို ကျိုးသင့် ကြောင်းသင့် အဖြေမပေးနိုင်သောအခါ ပုဆိန်များ၊ တံကျင်များနှင့် အဖြေပေးသည်။ ထူးဆန်းပေစွ။ သိပ္ပံပညာနှင့် ဘာသာရေး၏ ပဋိပက္ခသည် လူသားနှင့် သူ့ဆင်ခြင်တုံတရား၏ ပဋိပက္ခသာ ဖြစ်ပါပေသည်တကား။

ကယ်တင်ခြင်းခံရသော ခန္ဓာကိုယ်၊ ကယ်တင်ခြင်းခံရသော ဝိညာဉ်ဆိုသည့် သဘောတရားကို လူအပေါင်းတို့ ဧကန်ဧက ယုံကြည်ကြရဲ့လား။ ငွေဆိုသည်မှာ လောကီကိစ္စမျှသာ ဖြစ်သည်။ ဟု သူတို့ ပရိယာယ်မခိုဘဲ ယုံကြည်ရိုးမှန်ကြလျှင် သူတို့၏ လောကီတရား တို့သည် သူတို့ကို စောင့်ကြို နေမည့် ထာဝရ ဘုန်းကျက်သရေတို့နှင့် နှိုင်းစာသော် ပင်လယ်ကမ်းခြေမှ သဲတပွင့်လောက်ပင် အလေးထားစရာ မရှိ။

သို့သော် ယခုကားပေါ်၌ လိုက်ပါ လာသူတို့သည်ပင် နက်ဖြန်ဆိုလျှင် ရေပွက်ပမာ ကြာရှည် မတည်သော အကျိုးအမြတ်အလို့ငှာ အချင်းချင်း လည်ပင်း လှီးကြတော့မည်။ အချင်းများကြတော့မည်။ လိမ်ညာစဉ်းလဲ ကြတော့မည်။ အမနာပ ပြောကြတော့မည်။ အသရေဖျက်ကြတော့မည်။ မုသားဆိုကြတော့မည်။ ရန်ပွားကြတော့မည်။ ဘာသာရေးဟူသည် ကိုယ့်ကိုယ်ကို အိပ်မွေ့ချခြင်းမျှသာ ဖြစ်သည်။ လူ့လောက၏ ပရိဒေဝ သောကဗျာပါဒကို ဖြေဖျောက်၍ ရကောင်းစိမ့်သောငှာ တပါးသော လောကကို ဖန်ဆင်းခြင်း ဖြစ်သည်။

ဤသည်ပင် လူတို့၏ ဘာသာရေး သမိုင်း ဖြစ်ချေ၏။ လူအပေါင်းတို့ ကိုယ်တိုင်လည်း ထိုလောကပွား ဖန်ဆင်းမှု သဘောကို သိသည်သာ။

ဟာရုစပက်တို့လည်း သူတို့အချင်းချင်းတွေ့လျှင် တတောသော ရယ်မောကြမည်သာ။

ဟဟာရုစပက်။ ။ ရှေးဟောင်း ရောမခေတ်က ယာဇ်ပူဇော်ပသမှု အဆောင်အရွက်ဖြင့် အသက်မွေးသော လူတန်းစား။]

မစ္စက်ပိန်တာအိမ်တွင် ညစာ စောစောစားကြသည်။ ကွိသည် ခြေဖွဖွနင်းကာ သူ့အခန်းသို့ ပြန်တက်လာသည်။ မစ္စက်ပိန်တာ အခန်းရှေ့သို့ ရောက်သောအခါ အခန်းတွင်းမှ ကျိတ်၍ ငိုရှိုက်နေသံကို ကြားရသည်။ ရင်သွေးတို့ အတွက် ပရိဒေဝမီး တောက်လောင်ကာ ငိြုွေကးသော ရာခယ် ၏ ငိြုွေကးသံမျိုးပင်ဖြစ်သည်။

ကွိသည် အခန်းတံခါးကို ပိတ်ကာ ဓာတ်ငွေ့မီးကို ထွန်းညှိလိုက်သည်။ စားပွဲတွင် ၁၉၀၂ မတ်လထုတ် ပို့စ် သတင်းစာ အဟောင်းတွဲက သူ့စူးစမ်းရှာဖွေမှုကို အသင့် ငံ့လင့်နေသည်။ သို့သော် ခါတိုင်းနှင့်မတူ တမူခြားကာ သူအိပ်ရာပေါ်တွင် လှဲအိပ်လိုက်လေ၏။

သူ ယနေ့ည သေသွားလျှင် သူ့အတွက် ဘယ်သူ ဒီလိုငိုပါ့မလဲ။

တခါကမူ ကွီသေလျှင် သူဝမ်းနည်းမည်ဟု ဖီဖီက ပြောခဲ့ဖူးသည်။ သို့သော် ဖီဖီက အရင်ဆုံးရှာပြီ။ သူ့ကတိ တည်စရာ မလိုတော့ပြီ။

ဟရာခယ်။ ။ ခရစ်ယာန် ဓမ္မဟောင်းကျမ်းလာ ဂျကော့၏မယား။ ဂျိုးဆက်နှင့် ဘင်ဂျမင်တို့၏ မိခင်။ သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း (၂၉း၃၅) တွင် ယာကုပ်၏ မယားရာခေလ ဟူ၍ゞင်း၊ ရာခေလသားကား ယောသပ်နှင့် ဗင်ယာမိန်းတည်းဟူ၍ ゞင်းရေးသည်။ ဓမ္မသစ်ကျမ်း၊ ရှင်မသည်း ခရစ်ဝင်တွင် ]ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍ စိတ်မပြေနိုင်ဟူသော စကားသည် ထိုအခါ၌ အမှန်မကျသတည်း} (၂း၁၈) ဟု ဖော်ပြသည်။]

ဖီဖီသေသော်လည်း သူ့အတွက် ဝမ်းနည်းမည့် မိတ်ဆွေများစွာ ကျန်ခဲ့သည်။ သူသေလျှင် တင်မ်နှင့် မာဖီနှစ်ယောက်သာ ဝမ်းနည်းမည့်သူရှိသည်။ မသာပို့ရန်တော့လာနိုင်ကြမည် မထင်။
သူ့ သင်္ချိုင်းဘေးသို့ ရောက်နိုင်ကောင်းဘွယ်ရှိသူမှာ ဘတ်ကလင်ကာ တဦးသာ ဖြစ်သည်။ သို့သော် ကလင်ကာ ငိုလိမ့်မည်ဟု မြှော်လင့်ရန်မှာမူ ရလေလိုလေ အိုတစ္ဆေ လုပ်လွန်းရာ ရောက်မည်။ လူတယောက်တည်းသာ ပို့မည်သူရှိသော မသာဖြစ်ရမှာကလည်း အတော်မျက်နှာပန်းမလှ။ လူကြောင် သူကြောင်မို့သာ သေချိန်တွင် ရှားရှားပါးပါး မိတ်ဆွေ တယောက်တည်း ကျန်ခဲ့တာဖြစ်မည်ဟု ဖြတ်သွားဖြတ်လာ လူတကာတို့က မသာကို ကဲ့ရဲ့သဂြိုလ်စကားတင်း ဆိုဘွယ်ဖြစ်သည်။ သို့သော် သေလမ်း သေနားကို သူစဉ်းစားစရာမလို။ လူရိုင်း သူရိုင်းတို့၏ ထုံးဓလေ့သည် သူနှင့် မအပ်မရာကိစ္စသာဖြစ်သည်။ ဘတ်က စီစဉ်ပေးနိုင်မည်။ အလောင်း မီးရှို့ စက် အနီးတွင် ငိြုွေကးနေမည့် ဘတ်၏ ပုံပန်းကို သူစိတ်ကူးကြည့်သည်။ ပုံမပေါ်။

သူ့အဖေ ရှိသေးသည်။ တကမ္ဘာတည်း အတူနေနေကြသော်လည်း ၂၄ နှစ်လုံးလုံး သူနှင့်တခါမျှ မျက်နှာချင်း မဆုံဖူးသေးသည့် သူ့အဖေ။ သူ့အဖေလုပ်ပုံသည် နည်းနည်း ဂွကျသည်။ ကမ္ဘာ့ထုံးတမ်းအတိုင်း ပြောရလျှင် ကိုယ့်သားကို ကိုယ် လက်မခံသူ ဖြစ်သည်။

ယင်းသို့ လုပ်မြဲဓမ္မတာ မဟုတ်သော လူ့ကျင့်ဝတ် ဖောက်ဖျက်ခြင်းအတွက် အကြောင်းပြချက် ရှိရမည်။ အခြေအနေ အရပ်ရပ်က တခုတည်းသော လမ်းကိုသာ ညွှန်ပြနေသည်။ ထိုလမ်းမှာ သူ့အမေသည် သူ့အဖေနှင့် တရားဝင်လက်မထပ်ခဲ့ဆိုသော လမ်းဖြစ်သည်။ သူ့မိဘများ၏ လက်ထပ်ပွဲသို့ တက်ရောက်ခဲ့ရသည်ဆိုသော တင်မ်၏အဆိုကို သူအမြဲတစေ သံသယ ဖြစ်ခဲ့သည်။ သို့သော် ထိုကိစ္စကို ယခု သူလုံးဝ မစဉ်းစားတော့ ကိုယ်ကျင့်တရားတာဝန်မှာ သူ့၌မတည်။

နာမည်ကိစ္စမှာလည်း ကွိဆိုသော အမည်သည် အခြားအမည်များ ကောင်းသလောက်ပင် ကောင်းသည်။ ကိုယ့်ဘဝပတ်ဝန်းကျင်နှင့် အခြေအနေ၏ တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ရအောင် လုပ်နိုင်သူအဖို့ အိတ်စ်နာမည် ယူယူ၊ ဝိုင်နာမည် ယူယူ ကောင်းသည်ချည်းသာ။

သူသေသွားလျှင် မစ္စက်ပိန်တာက ဖီဖီ့အတွက် ငိုသလို သူ့အဖေသာ အသက်ရှင်နေလျှင် သူ့အတွက် သူ့အဖေပေါ်လာပြီး ငိြုွေကးလိမ့်မည်ဟု ထင်မိ၏။ သူ့အလောင်း မီးသဂြိုလ်မည့် မီးရှို့စက်ဘေးတွင် သူ့အဖေ ငိုနေမည့်ပုံပန်းကို စိတ်မှန်းနှင့် တွေးကြည့်ပြန်၏။ သူ့အဖေ၏ အင်္ဂါရုပ်နှင့် စပ်လျဉ်း၍ မပီဝိုးဝါးမှုက လွှမ်းထားခြင်းကြောင့် တစိတ်တဒေသ ဖြစ်ကောင်း ဖြစ်မည်။ သူ့စိတ်ကူးထဲမှာ ပုံမပေါ်။

သူ့အဖေသည် သူတရားမျှတစွာ ထမ်းဆောင်ရမည့်တာဝန်ကို ရှောင်သည်ဟု ကွိခံစားရ၏။ ]]ဟောဟိုမှာ ငါ့အဖေ}} ဟု တစုံတယောက်ကို သတ်သတ်မှတ်မှတ် လက်ညှိုးထိုးပြနိုင်လျှင် သူ့အဖို့ ကောင်းလေစွဟုလည်း သူ့တသက်တွင် ပထမဆုံး အကြိမ်တွေးတောမိ၏။

သူနှင့်ဘတ်သာ ကျန်ကြတော့သည်။ လောကအလယ်တွင် သူတို့နှစ်ဦးသားသာ အတူတကွ ရှိကြသည်။
သူသည် မီးရောင်ထိန်ထိန်တွင် အတွေးခြာခြာလည်နေ၏။
သူ့ဘဝတွင် သူ့ကို ဝေဖန်ထောက်ပြသူ သုံးဦးသာရှိခဲ့သည်။ သုံးဦးစလုံးက သူ၏ ဘဝအမြင်ကို တလေသံတည်း ထိုးနှက်ခဲ့ကြသည်။ သုံးဦးစလုံးက ပတ်ဝန်းကျင်လောကနှင့် ဆက်ဆံထိတွေ့ရန် သူ့ကို တိုက်တွန်းခဲ့ကြသည်။

သူ့ဘဝအောင်မြင်မှု၏ အတိုင်းအတာသည် သူ့ကိုယ်သူ ပတ်ဝန်းကျင်နှင့် အိုးစားကွဲအောင် လုပ်ထားနိုင်သည့် အတိုင်း အတာနှင့် အမျှဖြစ်ကြောင်း ပြန်လှန် မချေပနိုင်အောင် သူပြသခဲ့၏။ သို့သော် ထိုသုံးဦးက ထိုအတိုင်းအတာသည် သူ့ဘဝဆုံးရှုံးမှု၏ အတိုင်းအတာဖြစ်သည်ဟု စိုက်လိုက်မတ်တတ် ဆိုကြသည်။
သူက သူ့အဆိုပြုချက်ကို သက်သေပြသလို သူတို့က သူတို့၏ အဆိုပြုချက်ကို သက်သေမပြနိုင်ကြ။ သို့သော် သူတို့၏ ကျိုးကြောင်း ယုတ္တိကင်းမဲ့မှုသည် သူတို့၏ အဆိုပြုချက်ကို တုတ်တုတ်မျှ မလှုပ်မရွေ့စေနိုင်။ ကွိ၏ ဆင်ခြင်တုံတရားနှင့် ကွိကို ဝေဖန်သူတို့၏ ဗီဇစိတ်တို့အကြား ထင်ရှားသော ဝိရောဓိ တခုပါပေ။

သူသိရသလောက် သူ့ကို ဘယ်သူကမျှ ချီးကျူးလေးစားခြင်းမရှိ။ သူ့လုပ်ငန်းကို လေးစားချင်လေးစားမည်။ လူပုဂ္ဂိုလ်အရမူ သူ့အတွက် ဝမ်းနည်းသူ သို့မဟုတ် သူ့ကို ပြစ်တင်ရှုတ်ချသူသာ ရှိသည်။ သူ့လုပ်ငန်းကို လေးစား ချီးကျူးသူကလည်း နည်းလှသေးတော့သည်။ ပို့စ်သတင်းစာက ကျေနပ်လောက်သော သက်သေအထောက်အထား ပြခဲ့ပြီ မဟုတ်လား။

လူ့ဘောင်အဖွဲ့အစည်း၏ ညွှန်ပိုင်ကြားပိုင်သူ ဧရာမပုဂ္ဂိုလ်ကြီးတဦးအဖို့ သူကိုယ်တိုင် သဘောတရားရေးအရ စီမံကွပ်ကဲနေသည့် လူ့ဘောင်အဖွဲ့အစည်းတွင် ပုဂ္ဂိုလ်ရေး ဒွေးရောယှက်တင် ပါဝင်လှုပ်ရှားနေမှ ပိုမို ကြီးမြတ်သော ညွှန်ပိုင်ကြားပိုင်သူ ဖြစ်လာနိုင်လေသလား။

ဧကစာ ကျင့်သုံးခြင်းနှင့် အချိန်ဇယားကို ဘိန်းစွဲသလိုစွဲနေခြင်းက သူ့တွင် အရေးကြီးသော လစ်ဟင်းချက်များရှိနေစေသလား။
ရှာလီဝေလင်ပြောသလို အခြေခံကစ၍ သူမှားနေသည်ဟု ဆိုနိုင်စရာ အကြောင်းရှိနေသလား။
ပါရဂူကလေးသည် အိပ်ရာပေါ်တွင် မလှုပ်မယှက် အတွေးကျွံနေသည်။ မိနစ်ကို နာရီစားလာသည်။

သူ့စာအုပ်ကြီးကို သူ အသက် ၂၇ နှစ်တွင် ရေးသားပြုစုပြီးစီးသွားလျှင် ကျန်နေသေးသော ဘဝတာကို ဘယ်လိုကုန်လွန်စေမလဲ။ စာအုပ်အပေါ် ဝေဖန်ချက်များကို တုန့်ပြန်ဖြေကြားရန်မှတပါး အခြားလုပ်စရာမရှိ။ သူ့စာအုပ်ကြီးသည် ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံပညာအားလုံး၏ အခေါင်အထွက် အဆီအနှစ်ဖြစ်၍ လူသား၏ အမြင့်မားဆုံး ဥာဏပညာ၊ ပရမတ္တ၊ ပဋိဘာန် ဖြစ်သည်။ ထိုစာအုပ်ကြီးပေါ်လာလျှင် ကမ္ဘာ့လုပ်ငန်းစခန်းသိမ်းပြီဟု ဆိုနိုင်ပေတော့မည်။ ဤသို့ဆိုလျှင် ကျန်ရှိနေသော သူ့ဘဝသက်တမ်း နှစ်ပေါင်း ၃၀ ကျော် ၄၀ ကို မည်သို့ ကုန်ဆုံးရအံ့နည်း။

ယခု သူအသက်၂၄နှစ်ရှိပြီ။ ပဲ့ပြင်သွန်သင်မှု လုံးဝ မခံယူရဘဲ တကောင်ြွကက်အဖြစ် ကြီးပြင်းခဲ့ရသည်။ သူ့ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ကိုပါ စာအုပ်များ၏ အကူအညီဖြင့် သူ့ဖာသာသူ ပျိုးထောင်ခဲ့ရသည်။ သူတပါးသင်ပြသည့် ပညာဆို၍ ရှာလီဝေလင်က နာရီဝက်ကြာ နာနာကျည်းကျည်း ပြောလိုက်သည့် စကားများသာ ရှိသည်။

သူ၏ အပယ်ခံ လူငယ်ဘဝသည် ထြွကလာပြီး သူ့ကို တိုက်ခိုက်သည်။ သို့သော် သူ အသိအမှတ်မပြု။ သူ့ကို တိုက်ခိုက်သည့် ထို အပယ်ခံလူငယ်ဘဝသည် ဝံ့ဝံ့စားစား ရှိသည်ဟုသာ သူအသိအမှတ်ပြုသည်။ ထိုဘဝနှင့် သူ လက်ချင်းချိတ်လိုက်သည်။ ထို့နောက် အသူတရာချောက်ထဲသို့ ကျသွားကြလေ၏။

နံနက် ၂ နာရီတွင် လူပျိုဝိုင်းမှ ပြန်လာသည့် ဘတ်ကလင်ကာသည် ပိဋကတ်ခန်း၌ မီးထိန်ထိန်လင်းနေသည်ကို မြင်၍ တက်လာသည်။ အခန်းထဲတွင် ဖိနပ်မစီးဘဲ လမ်းရှောက်နေသည့် ပါရဂူကလေးကို တွေ့ရသည်။ ကွိသည် ဘတ်ကို မြင်သောအခါ လမ်းလျှောက်ရပ်လိုက်သည်။ ဘတ်ကို မသိသလို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။သူ့မျက်နှာသည် သွေးမရှိသလို ဖြူဆွတ်ကာ တင်းတင်းမာမာ ခက်ခက်ထန်ထန် ဖြစ်နေ၍ ဘတ်က]]မင်လာညပါ။ ဒေါက်}} ဟု ပြောရုံပြောကာ ပြန်ထွက်သွားတော့လေသည်။

No comments: