Wednesday, December 2, 2009

အခန်း (၁၆)

(၁၆)
နွေရာသီတလျှောက်လုံး ရှာလီဝေလင်ထံသို့ ဓာတ်ပုံ ပို့စ်ကဒ် အမြောက်အမြား ရောက်လာသည်။ ပို့စ်ကဒ်များကို ကြည့်ကာ ကမ္ဘာဟောင်းတွင် ချားလ်စ် ဂါဒင်နီယာဝက်စ် တယောက် ဇွဲနဘဲကြီးကြီး လေ့လာနေပုံကို သိရသည်။

ဂျွန်လဆန်းတွင် ရောမမှ စခဲ့သည့် သူ့ခရီးသည် ဩဂုတ်လလယ်ပိုင်းတွင် လန်ဒန်မြို့၌ တစခန်းထောက်သည်။ ရှာလီဝေလင်ထံသို့ လန်ဒန်မြို့အနီးအနားမှ သူ ပို့စ်ကဒ်တစောင် ပို့လိုက်သည်။

]သမိုင်း အပြောင်ဆုံးခရီး ပြီးဆုံးပြီ။ ၂၁ ရက်တွင် သင်္ဘောစီးမည်။ အားအင်နှင့် စိတ်မာန် မပြည့်စဖူး ပြည့်နေသည်။ အလှအပဆုံး စီမံကိန်းများကို ပြန်လည် သုံးသပ်နေရသည်}

သို့သော် ဩဂုတ်လ ၂၁ ရက်တွင် ဝက်စ်မပြန်ဖြစ်။ မူလက ဩဂုတ် ၁၅ ရက်တွင်ပင် ပြန်ရန် စီစဉ်ထားခဲ့၏။ လန်ဒန်တွင် တွေ့ရသော ကောလိပ်ပညာရေးစနစ်က စွဲမက်စရာ ကောင်းလွန်း၍ မပြန်နိုင်။ ဩဂုတ်လ ၂၅ ရက်တွင်မှ ပြန်နိုင်သည်။ စက်တင်ဘာ ၃ရက်တွင် မြို့ကို ပြန်ရောက်သည်။ စက်တင်ဘာ ၄ ရက်တွင် ရှာလီ့ရုံးခန်းသို့ ဝင်လာသည်။

ရုံးခန်းတွင် သူတို့နှစ်ယောက်သာ ရှိသည်။
]]ကျွန်တော်ပို့တဲ့ ပို့စ်ကဒ်တွေ ရတယ်နော်}}
]]အထပ်လိုက်ပါပဲရှင်။ ဒီစားပွဲလောက်ရှိတဲ့ ဓာတ်ပုံစာအုပ်ထဲမှာကို ကပ်ထည့်ရတာ စနေ နေ့တဝက်ကို ကုန်ပါရောလား။ ရှင့်ခရီးတလျှောက်လုံး ဘာအကြိုက်ဆုံးလဲ ဟင်}}

]]ကျွန်တော်ထင်တယ်}} ဝက်စ်က သူ့မျက်လုံးပြာကြီး တစုံလုံးကို ရှာလီ့အပေါ် လွှမ်းခြုံလိုက်ပြီး ]]ပြန်လာရတာ အကြိုက်ဆုံးပဲ}}
ရှာလီက ရယ်သည်။
]]ရှင့်အဖို့ သိပ်ကောင်းတယ်ထင်တယ်။ ရှင့်ကြည့်ရတာ တောင်ကြီးတွေကို ဖြိုတော့မယ့်ဟန်ပဲ}}
]]တောင်ထွတ် တောင်ညွှန့်ကိုတောင် ကိုက်ကိုစားမှာဗျ}}
ရှာလီက အလုပ်အသစ် စပြီလားဟု မေး၍
]]သင်္ဘောပေါ်ကနေ တခါထဲ အလုပ်ထဲ ဂျွမ်းထိုးဝင်ခဲ့တာ}}ဟု ဖြေသည်။

ဝက်စ်က ဘလိန်းကောလိပ်အတွက် သူမျှော်လင့်ချက်ထားသမျှကို အိတ်သွန်ဖာမှောက် ထက်ထက်သန်သန်ကြီး ပြောပြနေသည်။ အခက်အခဲများက ယခုကတည်းက ပေါ်သည်။ ယနေ့ ဂေါပကအဖွဲ့ဝင် လူကြီးများ၏ စိတ်သဘောက အသိရခက်သည်။ ကောလိပ်၏ ပြုပြင်ပြောင်းလဲမှုများကို ကြော်ငြာရန် စီစဉ်သည်။ သို့သော် ဘာပြုပြင်ပြောင်းလဲရေးမျှ မလုပ်ရသေး။ ဘလိန်းကောလိပ်ကပေးမည့် ကျောင်းသား အခွင့်ထူးများ ကိစ္စ ဆွေးနွေးသည်။ ပေးစရာ ဘာအခွင့်ထူးမျှ မရှိ။ သို့သော် မှန်မှန် ကန်ကန် လုပ်ကိုင်သွားလျှင် ဤအခက်အခဲများကိုရော အခြား အခက်အခဲများကိုပါ ကျော်လွန်နိုင်မည်ဟု သူ ယုံကြသည်။

ရှာလီက စိတ်ထက်သန်စွာဖြင့်
]]ဘာပဲဖြစ်ဖြစ်လေ ငါးနှစ်အတွင်း ကျောင်းသား သုံးလေးဆ တိုးလာမယ်ဆိုတာနဲ့ပဲ အားရစရာ ကောင်းလှပါပီဘဲရှင်}}
]]ကျောင်းသားတိုးဖို့ ကျွန်တော် သိပ်စိတ်မသန်တော့ဘူး။ ဒီလေ့လာရေးခရီးမှာ ကျွန်တော် အမြင်ပြောင်းသွားတာဘဲ။ ဧရာမအကြီးဆုံး ကောလိပ်ဖြစ်ဖို့ မမှန်းတော့ဘူး။ ပညာရေး အဆင့်အတန်း အမြင့်ဆုံး ကောလိပ်ဘဲ ဖြစ်ချင်တော့တယ်။ ထူးချွန်ထင်ရှားတဲ့ မဟာဌာနတွေ ရှိရမယ်။ ထက်မြက်ထက်ြွကတဲ့ ကျောင်းသားအင်အား ရှိရမယ်။ ကျောင်းသားကို စည်းကမ်း တင်းတင်းကျပ်ကျပ်နဲ့ ရွေးမယ်။ အဆင့်အမြင့်ဆုံး ပညာဆည်းပူးမှု တံဆိပ်အဖြစ် တပြည်လုံးက အသိအမှတ်ပြုရတဲ့ ဘွဲ့မျိုး နှင်းမယ်။ ဒါတွေဖြစ်အောင် ကျွန်တော် အားထုတ်မှာပဲ။ ကျွန်တော့် အမြင့်မားဆုံး ရည်မှန်းချက်က...}} ဝက်စ်က အိပ်မက်မက်နေသလိုပြောသည်။ ]]ဘလိန်းကောလိပ်ကို ပြင်သစ်ပြည်က ပဲရစ် တက္ကသိုလ်လိုဖြစ်အောင်လုပ်ဖို့ပဲ}}

စကားဆုံးလျှင်ဆုံးချင်း ထလိုက်ပြီး ပြန်ရန် ခွင့်တောင်းသည်။ ဗိုလ်မှူးကြီးကောင်းထံ ဝင်၍ နှုတ်ဆက်ဦးမည်ဟု ပြောသည်။
]]ဒါထက် အဖိုးကြီးကော ဘယ့်နှယ့်နေလဲ}}
]]စိတ်ကတော့ ခါတိုင်းလိုပဲ။ အလုပ်ကိုလဲ ကြုံးလုပ်နေတာပဲ။ ဒါပေမယ့် အသက်ကလေးတော့ နည်းနည်း အကြောင်းပြလာပီပေါ့ရှင်}}

]]သူ့အသက်ကလည်း ခုနှစ်ဆယ် နီးနေပြီကိုး။ စကားမစပ် သူ့လက်ထဲ ပုံအပ်ထားတဲ့ သူ့ကူဖော် လောင်ဖက် ကလေးကရော။ နာမည် ဆနုးဆန်းနဲ့ လူဆန်းဆန်း ကလေးလေ}}

ထိုလူဆန်းကလေးကို ကာကွယ်ရန် ရှာလီအား သူပေးခဲ့သည့် သူ့ကတိကို ဥက္ကဌကြီးဝက်စ် မေ့နေပြီဖြစ်ကြောင်း ရှာလီသိလိုက်သည်။
]]ရှင်တို့ နောက်တပတ် ဒါရိုက်တာ အစည်းအဝေးမှာ သူ့ကို အမြဲတမ်း လက်ထောက် အယ်ဒီတာတောင် ခန့်တော့မှာရှင့်}}
]]ဟုတ်လား၊ ကျွန်တော်က ဖြုတ်တောင်ပီးနေပြီ ထင်နေတာ}}
]]ဂုတ်ပေါ် ဓားဝဲနေတော့ သူ့ခမြာလဲ သူ့ဖာသာသူ ပြင်လာတယ်နဲ့ တူပါတယ်။ နေ့ချင်း ညချင်း ရေးတတ် သားတတ် ဖြစ်လာတာပဲတဲ့ရှင့်။ ဗိုလ်မှူးကြီးကောင်းကိုသာ မေးကြည့်ပေတော့}}

]]ကျွန်တော်ကတော့ မအံ့ဩဘူး။ ဒီသူငယ် အဖြစ်ရှိမှာပဲဆိုတာ ကျွန်တော်ယုံတတယ်လို့ ဆောင်းတွင်းတုန်းက ခင်ဗျားကို ကျွန်တ်ာပြောဖူးသားပဲ။ အင်း။ ကိုယ့်မြို့ ကိုယ်ပြန်လာရတာ တယ်လဲ ကျက်သရေ ရှိပါလား}}

ဝက်စ်သည် ပန်းခြံထဲမှ ဖြတ်၍ လျှောက်လာသည်။ သစ်ပင်များကို သူမမြင်။ အတွေြးွကယ်သူတို့ ပြောလေ့ရှိသည့် အနာဂတ်ကိုသာ သူမြင်နေရသည်။

သူစင်မြင့်ပေါ်၌ ရပ်နေသည်။ သူ့ကို မော်ကြည့်နေကြသည့် မျက်နှာများသည် မြက်ခင်းဖြူကြီးပမာ ဖြစ်သည်။ မြက်ခင်းဖြူကြီးကို သူ မိန့်ခွန်းခြွေသည်။ သူ့မိန့်ခွန်းမှာ ]ပညာရေးနှင့် လူထုနိုးကြးမှု} ဖြစ်သည်။ လူထုကြီးက တရားပွဲများတွင် မကြုံစဖူးသော ထက်သန်တက်ြွကမှုမျိုးဖြင့် ထက်သန် တက်ြွကနေသည်။

ညစာစားပွဲ စားပွဲရှည်ကြီး၌ သူ မတ်တပ်ရပ်လိုက်သည်။ အတန်းလိုက် အတန်းလိုက် စားပွဲရှည်ကြီးများကို မြင်ရသည်။ ညစာစားပွဲ တက်သူများသည် ကုလားထိုင်ကို ရွှေ့ကာ သူ့ဘက်သို့ လှည့်ပြီး နားထောင်နေကြသည်။ သူ့မိန့်ခွန်း နိဂုံးချုပ်လိုက်သောအခါ လုပ်ငန်းရှင်ကြီးများသည် အလှူငွေ ထည့်ရန် ချက်လက်မှတ်များကို ထုတ်ရေးတော့သည်။ ဂဏန်းနောက်မှ သုညများစွာကို တသီကြီးရေးချရန် ကော်ဖီပန်းကန်များကိုပင် တွန်းရွှေ့နေကြသည်။

ဗိုလ်မှူးကြီးကောင်းက သူ့ကို ကြောင်ကြည့်နေသည်။
]]ခေါင်းကြီးရေးနည်း ကျွန်တော်လေ့လာနေသည်။ ညတိုင်နှစ်နာရီအထိထိုင်ပြီး ပို့စ်အဟောင်းတွေ ပြန်လှန်တယ်။ ခင်ဗျားခေါင်းကြီး ဘယ်လိုရေးသလဲဆိုတာ လေ့လာတယ်}}
ဗိုလ်မှူးကြီးကောင်း၏ အကြည့်သည် အရှိန်ပျော့သွားပြီး
]]ချီးကျူးပါတယ်ဗျာ။ ခင်ဗျား ဘယ်လောက် စိတ်ကူးမှန်သလဲ။ ရေးနည်း ကျွမ်းကျင်သလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ဒီခေါင်းကြီးကတော့ ခင်ဗျား ပို့စ်အတွက်ရေးခဲ့သမျှ ခေါင်းကြီး အားလုံးထက် ပိုကောင်းတယ်}}
]]ခင်ဗျား ကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ်}}
ဗိုလ်မှူးကြီးသည် စားပွဲကို ဗြန်းကနဲ ရိုက်လိုက်ပြီး
]]စိတ်လိုက်မာန်ပါ ထက်ထက်သန်သန်လုပ်။ ပေါ်ပေါ်လွင်လွင် မြင်တတ်အောင်ကြည့်။ စိတ်ကောင်းနှလုံးကောင်းထား။ ဒါပေမယ့် စာရေးရင် ချုပ်တီးထားနိုင်လို့သာ အော်ဟစ် မပစ်ရသလို အရူးအမူးရေး၊ မှတ်ထား}}

ထိုနေ့မှာ မေလဆန်းပိုင်းဖြစ်၏။ အယ်ဒီတာအိုကြီးသည် အဖိုးတန်လာမည့် အလားအလာကောင်း၊ အရည်အချင်းကောင်းများနှင့် ပြည့်စုံသော လူငယ်ကလေးအား အခွန်စနစ်နယ်ပယ် ငွေကြေးစနစ်နယ်ပယ်မှ ဆွဲထုတ်ကာ နေ့စဉ် သတင်းစာထဲမှ ပေါ်လာသော ကိစ္စရပ်များကို ရေးရန် တာဝန်ပေးလာသည်။

မေ ၁၅ ရက်တွင် အယ်ဒီတာကြီးက ကွိကို မဖြုတ်။ ဤအတိုင်း အလားအလာကောင်းရှိနေသရွေ့ ဆက်ခန့်မည်ဟု ပြောသည်။ ဗိုလ်မှူးကြီးသည် လူငယ်ပိုင်းကို ရှေ့တွင် ချီးကျူးလိုသူမဟုတ်။ ကွယ်ရာတွင်မူ အမွှန်းတင်သည်။ သို့ဖြင့် သူ့သူငယ်ချင်း ဂျွန်းရန်းဒေါ့ဝေလင်၏ သမီးကလေးက ကွိ၏ တက်လမ်းကို ကြိုတင်သိနေခြင်းဖြစ်လေသည်။

ကွိအဖို့ တနွေလုံး အလုပ်များသည်။ နေ့စဉ် ဘဝနှင့် ဆက်စပ်နေသော ခေါင်းကြီးများရေးနိုင်ရန် ရေးသူကိုယ်တိုင် နေ့စဉ် ဘဝနှင့် ဆက်စပ်မှုရှိရမည်ဟု သူ တစိမ့်စိမ့် သဘောပေါက်လာသည်။

ဂျွန်လတွင် မာကျူရီအားကစား အသင်းပြုပြင်ဖွဲ့စည်းသည်။ ကစားဖော်တို့ စနေနေ့ညတိုင်း ဆုံကြသည်။ ကွိလည်း စနေနေ့ညတိုင်း ထိုတွေ့ဆုံပွဲများသို့ တက်ပြီး အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ အခွင့်ကြုံလာသည်။ ဆရာကြီးကလင်ကာက တပည့်ကွိကို လက်ဝှေ့သင်ပေးသည်။ စောစောပိုင်းတွင် ကွိ တဘိုင်းဘိုင်းလဲသံသည် စတပ်ဆိုင်ခန်းမကြီးကို တုန်ဟီးနေစေသည်။

ကလင်ကာက ကြပ်ကြပ်မတ်မတ် သင်ပေး၍ နွေလလယ်လောက်တွင် သိပ္ပံနည်းကျ တိကျမှုရှိသူအဖြစ် ကွိနာမည်ထွက်လာသည်။
ယခုအခါ ကွိ အလွန်သန်မာတောင့်တင်းလာသည်။ မာကျူရီကလပ်ကလည်း ခန္ဓာကိုယ် ဖွံ့ထွားမှုထက် ပို၍ ကြီးမားသောနည်းဖြင့် သူ့အဖို့ အသုံးဝင်လာသည်။

ဤကလပ်တွင် ဘဝနှင့် ဖိဖိစီးစီး ထိတွေ့မှုရှိသော လူငယ်များနှင့် ကွိတွေ့ဆုံသည်။ ထိုလူငယ်များကလည်း သူ့ကို ကာယဗလအရာတွင် တန်းတူရည်တူ ဆက်ဆံသည်။ သတင်းစာပညာလုပ်ငန်းနှင့် ပတ်သက်၍လည်း လေးလေးစားစားဆက်ဆံသည်။ ဘတ်ကလည်း လူတွေ့တိုင်း ]]ပို့စ်အယ်ဒီတာနဲ့ နှုတ်ဆက်ပါအုံး}} ဟု သူ့လူကို သာသာထိုးထိုး မိတ်ဆက်ပေးသည်။

စနေနေ့လက်ဝှေ့ပွဲများ၊ စွမ်းရည်ပြပွဲများ ပြီးတိုင်း စကားဝိုင်းဖွဲ့ကြသည်။ ထိုစကားဝိုင်းများမှ အဖိုးတန် သတင်းအချက်အလက်များကို ကွိ အမြဲရသည်။ အသင်းသားအချို့သည် သတင်းစာတွင် ဖော်ပြသည့် အတိုင်းအတာထက် မြို့တော်၏ နိုင်ငံရေးကို ပိုသိကြသည်။

ဂျင်မီဝါထရောက်ဆိုလျှင် ပလိုနီနီး၏ ညာလက်ရုံးအဖြစ် နာမည်ထွက်စ ပြုနေသူဖြစ်သည်။ ဂျင်မီသည် မာကျူရီ အသင်းဝင်များနှင့် တွေ့လျှင် ရင်ဖွင့်လေ့ရှိသည်။ မကြာခဏဆိုသလို မစ္စတာနီးကိုယ်တိုင် မာကျူရီကလပ်သို့ ပေါက်လာတတ်သည်။ ခေါင်းဆောင်ကြီး ပလိုနီနီးသည် မြို့တော်ကို သူ့လက်ခုပ်ထဲက ရေပမာ ချယ်လှယ် ကြိုးကိုင်သူ ဖြစ်သည်။

ဗိုလ်မှူးကြီးကောင်းအား တအံ့တဩ အကြိုက်တွေ့စေသည့် ကွိ၏ခေါင်းကြီးများစွာသည် စတပ်ဆိုင် နောက်ဖေးခန်းရှိ မာကျူရီကလပ်တွင် မွေးဖွားခဲ့ကြသည်။

ဤကိစ္စအားလုံးသည် အချိန်ယူသည်။ အချိန်စားသည်။ သူနှင့် သူ့နောင်လာ နောက်သားများသည် အလှည့်ဖျား ခံနေရပြီလား၊ မပြင်နိုင်တော့သော မဟာအမှားတော်ပုံကြီးကို သူကျူးလွန်မိပြီလား ဟူသော အတွေးများဖြင့် ချွေးသီး ချွေးပေါက်ကျကာ မျက်လုံးကြောင်သည့် ညပေါင်းများစွာကို ကွိ ကြုံနေရသည်။

မေ၊ ဂျွန်၊ ဂျူလိုင်လများသည် ပါရဂူကလေးအဖို့ စိတ်ကယောက်ကယက် အဖြစ်ဆုံး လများပေတည်း။ ထိုလများအတွင်း သူ့စာအုပ်အတွက် စာတလုံး မရေးဖြစ်။ သူ့စာအုပ်ကြီးနှင့် အချိန်ဇယားကြီးသည် စားပွဲအံဆွဲထဲ၌ အလုံပိတ်ခံနေရသည်။

ခေါင်းကြီးရေးသိပ္ပံပညာ အတွက် တနေ့ ၁၃ နာရီသုံးသည်။ ကာယဗလသိပ္ပံပညာအတွက် တနေ့ ၂ နှစ်နာရီသုံးသည်။ ပေါင်းသင်းဆက်ဆံရေးသိပ္ပံပညာအတွက် တနေ့တနာရီ (ပျမ်းမျှခြင်း) သုံးသည်။ သို့သော် သိပ္ပံပညာတကာတို့၏ သိပ္ပံပညာအတွက်ကား ဘယ်တနေ့မှာမျှ ဘယ်တနာရီပင် မသုံးနိုင်။ ကျန်သည့် အချိန်မှာ စားချိန်နှင့် အိပ်ချိန်။

ဤသို့ နေလာခဲ့သည်မှာ သုံးလကြာခဲ့သည်။
ဂျွန်လကုန်ပိုင်းသို့ရောက်သောအခါ ခေါင်းကြီးရေးအတတ်ပညာသည် သူ့လက်ဖျားမှာ ရှိနေပြီ။ ထို့ကြောင့် စံနမူနာခေါင်းကြီးများအား လေ့လာချိန်ကို စိတ်ချလက်ချ လျှော့ပစ်လိုက်နိုင်သည်။ အကြောင်းအရာ၊ အချက်အလက် ရှာဖွေစုဆောင်းချိန်ကို ပို၍ပေးနိုင်လာသည်။ စာအများကြီး ဖတ်နိုင်လာသည်။ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ကိုယ်ရေးမှတ်တမ်း၊ စစ်မှတ်တမ်း၊ ဌာနဆိုင်ရာ အစီရင်ခံစာများကို ကျွမ်းကျွမ်းကျင်ကျင် မှတ်ဥာဏ် ရွှင်ရွှင်ဖတ်ဖို့ အချိန်ရလာသည်။

ဂျူလိုင်လကုန်တွင် နယ်ကုန် ပယ်ကုန် ဖတ်ရှုပြီးပြီ ဖြစ်၍ စာဖတ်အလုပ်ကို လျှော့နိုင်လာသည်။ ဩဂုတ်လဆန်း တရက်တွင် သူ့စားပွဲအံဆွဲကို ဖွင့်နိုင်တော့သည်။ အချိန်ဇယားကြီးကို ပြန်လည်နေရာပေးနိုင်ပြီ။ ဒေါက်တာကွိသည် ထိုရက်မှ စ၍ ညစဉ် ၉နာရီခွဲမှ ၁ နာရီခွဲအထိ သူ့ပိဋကတ်ခန်းတွင် ထိုင်ကာ သူ့အချစ်ဦးနှင့် ပိုက်ထွေး ကြည်နူးနိုင်ပြန်လေပြီ။

နွေပြယ်၍ ဆောင်းဦးပေါ်လာသည်။ ပေါင်းသင်း ဆက်ဆံရေး သိပ္ပံပညာကိုကား ကွိ စွဲစွဲမြဲမြဲ ကျင့်သုံးဆဲ ဖြစ်သည်။

ဤရက်များတွင် ကွိအဖို့ ဗိုလ်မှူးဘရွတ်၏စကားများကို အောင့်အည်း နားထောင်ရခြင်းမျိုး မဟုတ်တော့ရုံမက ကြားရအောင်ပင် ရေလာမြောင်းပေး လုပ်နေ၏။ ၁၈၇၀-၇၅ ခုနှစ်များအတွင်း ရီပတ်ဘလစ်ကန်ပါတီများအပေါ် ဗိုလ်မှူးဘရွတ်အောင်ပွဲဆင့်ခဲပုံများကို စိတ်ပါလက်ပါ နားထောင်သည်။ ပါမောက္ခ နီကိုလိုဗီးယပ် အခန်းသို့လည်း နှစ်ကြိမ်ဖိတ်လျှင် တကြိမ်သွားလည်သည်။

ဗိုလ်မှူးဘရွတ်၏ ရှေးဟောင်းနှောင်းဖြစ်များ၊ နီကိုလိုဗီးယပ်၏ ပညာပြည့်ဝသောစကားများတွင် မှတ်သားဘွယ်ရာများ ပါဝင်သည်။ သူ့အဖို့ကား နားထောင်သမား သက်သက်ဖြစ်သည်။ ဤကမ္ဘာ၌ အပြောသမားက လိုတာထက် ပိုနေသည် မဟုတ်လား။

အောက်တိုဘာလတွင် ဘတ်က သူ့တပည့်ကို အတတ်ကောင်းသင်ပေးသည်။ မစ္စမီလာနှင့် ရုပ်ရှင် စုံတွဲကြည့်ရန် ဖြစ်သည်။
ကွိသည် ထိုပညာကို မယူဖြစ်သော်လည်း စိတ်ထဲမှာကား မရဲဘဲနှင့် ကျွဲပြဲစီးကြည့်နေမိလေသည်။

ယခုအခါ ကွိ၏ခေါင်းကြီးများသည် ပို၍ ပို၍ ဖတ်ပျော်လာသည်။ လူထု ထင်မြင်ချက်၊ ပြည်နယ်လွှတ်တော်၏ ထင်မြင်ချက်ကို ဆွဲဆောင်ဖန်တီးနိုင်လာသည်။ သူငယ်စဉ်က စာဖတ်သင့်ခဲ့ရသည့် ဝက်သားထုပ်သော နယူးယောက်မြို့မှ သတင်းစာ၌ကိုးကား ဖော်ပြခြင်းခံရသည့် ရေးချက် ရေးလက်မျိုးကိုပင် သူသိလာသည်။

အောက်တိုဘာ ၁၀ ရက်တွင် ပို့စ်သတင်းစာ ဒါရိုက်တာ အစည်းအဝေး ကျင်းပပြီး ကွိအား လစာငွေ တနှစ်ဒေါ်လာ ၁၅၀ဝ ဖြင့် လက်ထောက်အယ်ဒီတာခန့်ရန် ဆုံးဖြတ်လိုက်သည်။
ကွိက မဆိုင်းမတွပင် လက်ခံသည်။

မဟြွာကားလုံးကြီးက မှန်လေပြီ။
စနေနေ့တွင်အလုပ်ရပြီးနောက် တနင်္ဂနွေနေ့တွင် လက်ထောက်အယ်ဒီတာ အသစ်စက်စက်ကလေးသည် မြို့ပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ညနေ ၄ နာရီခန့်တွင် သူမြင်ခဲ့ဖူးသည်ဟု ချက်ချင်း မှတ်မိသော ထင်ရူးပင်တောအုပ်ကလေးသို့ ရောက်လာလေ၏။

ဘလိန်းကောလိပ်သည် ယခုအခါ မြို့ပြင်ရှိမှန်ထည် အဆောက်အဦကြီးသို့ ပြောင်းရွှေ့ဖွင့်သည်။ ဥက္ကဌကြီး ဝက်စ်မတိုင်မီက ကောလိပ်ဖွင့်ခဲ့ရသည့် တင်းကုတ် ကလေးမှာလည်း စကျင်ကျောက် အဆောက်အဦအဖြစ်သို့ ရောက်နေသည်။ ဥက္ကဌကြီးဝက်စ်သည် ခမ်းနားသော သူ့ရုံးခန်း၌ ပဲရစ် တက္ကသိုလ်မှ ကမ္ဘာကျော် ပါမောက္ခကြီးများ၏ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံနေသည်။ ထိုအဖွဲ့သည် ဥက္ကဌကြီးဝက်စ်၏ ပညာရေးနည်းနာနိသျှများကို လေ့လာရန် ပြင်သစ်အစိုးရက စေလွှတ်လိုက်သည့် အဖွဲ့ ဖြစ်လေသတတ်။

No comments: