Wednesday, December 2, 2009

အခန်း (၁၉)

(၁၉)

ဗိုလ်မှူးကြီးကောင်း၏ နာရေးသတင်းကို ဖတ်ရသူတိုင်း၏ စိတ်ထဲတွင် သူ့ခမျာ ရီယူနီယန် နဲ့ လွဲရရှာတယ် ဟူသော အတွေးပေါ်မိ၏။
ရက်များ မကြာမီအတွင်း ပြိုကွဲသွားသော စစ်တပ်များမှ စစ်ပြန်များ၏ နှစ်စဉ် ပြန်လည် တွေ့ဆုံပွဲကို မြို့တော်တွင် ကျင်းပတော့မည်ဖြစ်၏။
ဗိုလ်မှူးကြီးကောင်းသည် နှစ်ပေါင်း ၃၀အတွင်း ထိုပွဲများကို တကြိမ်မျှ မလွတ်တမ်း ပါဝင်ဆင်နွှဲခဲ့၏။
မြို့လူထုသည် စစ်သားဟောင်းကြီးကို ကောင်းမွန်စွာ သဂြိုလ်ကြသည်။ မျက်ရည်ကျကြသည်။ သူ့လက်ထောက် အယ်ဒီတာသည် သူတန်ဖိုးထားသော အကြံပေးပုဂ္ဂိုလ်တဦး၊ မိတ်ဆွေ တဦး ဆုံးရှုံးရလေခြင်း ဟူသော စိတ်ဖြင့် သင်္ချိုင်းမှ အိမ်သို့ ပြန်လာခဲ့၏။

သူပြန်လာသောအိမ်မှာ မစ္စက်ပိန်တာ၏ အိမ်မှ ပိဋကတ်ခန်းကလေး မဟုတ်။ မြို့စားကြီး ဂလောက်စက်စတာလမ်းပေါ်ရှိ အိမ်ကောင်းကလေးတလုံးဖြစ်၏။ အကြောင်းမူ ပါမောက္ခနီကိုလိုဗီးယပ်သည် သူကြိုတင်ကြံရွယ်ထားခဲ့သည့်အတိုင်း မေလဆန်းတွင် အိမ်ပြောင်းထားခဲ့ပြီး ကွိလည်း သူနှင့်အတူ လိုက်ပြောင်းလာခဲ့ခြင်းကြောင့် ဖြစ်သည်။

ရီယူနီယန်။ ။ အမေရိကန် ပြည်တွင်းစစ်တွင် တောင်ပိုင်းပြည်နယ်စု တပ်များဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့် စစ်ပြန်များ၏ ပြန်လည် တွေ့ဆုံပွဲ စစ်ရေးပြအခမ်းအနား။

ညနေ ၆ နာရီခွဲအချိန်ဖြစ်၏။ ကွိသည် အိမ်တံခါးကို သူ့ကိုယ်ပိုင်သော့ဖြင့် ဖွင့်ကာ အပေါ်ထပ်သို့ တက်လာသည်။ နီကိုလိုဗီးယပ်သည် ဧည့်ခန်းပြတင်းပေါက်အနီးတွင် ဆေးလိပ်ထိုင်သောက်ရင်း စာဖတ်နေသည်။
]]ပြန်လာပီကိုး။ ခါတိုင်းထက် နောက်ကျပါလားလို့ ကျုပ်တွေးနေတာ}}
]]ဗိုလ်မှူးကြီးကောင်း အသုဘ လိုက်ပို့နေလို့ပါ။ လူတော်တော် စည်တယ်ဗျာ}}
]]အော်}}
ကွိသည် ကုလားထိုင် တလုံးပေါ်တွင် ထိုင်ချလိုက်သည်။ ဤအိမ်အသစ်တွင် သူ့နေရေးထိုင်ရေး အလွန်သက်တောင့်သက်သာရှိသည်။ တပတ်လျှင် ခုနှစ်ဒေါ်လာခွဲသာ ငွေထည့်ရ၍ သက်တောင့် သက်သာ ရှိလွန်းသည်ဟုပင် ဆိုရမလား မသိ။ နီကိုလိုဗီးယပ်သည် အိမ်ကို အစွမ်းကုန် မွမ်းမံပြုပြင်ထားသည်။

]]တချို့လူတွေဆိုရင် ဘုရားရှိခိုးကျောင်းထဲကိုတောင် မဝင်နိုင်လို့ အပြင်မှာ ရပ်နေကြရတယ်}}
]]သူ့အတွေးအခေါ်နဲ့ သူတော့ လူတော် တယောက်ပါပဲလေ}} နီကိုလိုဗီးယပ်သည် ပြတင်းပေါက်ပြင်ပသို့ ငေးကြည့်ရင်း ပြောသည်။
]]နီးနီးကပ်ကပ် သိလာမှ သူ့အတွေးအယူတွေဟာ အတော်မြင့်မားမှန်း သိရတယ်}}
နီကိုလိုဗီးယပ်က ဆေးလိပ် ဆက်သောက်နေသည်။
နှစ်ယောက်စလုံး တိတ်ဆိတ်ခြင်းကို အရသာ ခံနေကြသည်။ ညစာစားဝိုင်းများတွင်လည်း သူတို့ ငြိမ်ငြိမ်စားလေ့ရှိသည်။ တခါတရံ စကားတလုံးတလေမျှပင် ဟဟမပြောမိကြ။

]]သူ့နေရာ လူရွေးဖို့ ပို့စ် ဒါရိုက်တာတွေ ဘယ်တော့ စည်းဝေးကြမှာလဲ}}
]]မသိပါဘူး။ အမြန်ဆုံးတော့ လုပ်ကြမှာပေါ့}}
]]ခင်ဗျားကို ရွေးမှာသေချာတယ်လို့ပဲ ကျုပ်ထင်နေတယ်}}
နီကိုလိုဗီးယပ်က ပြောသည်။

]]မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ပေးရာတာဝန် ယူမှာပဲ}}
ကွိက နာရီကြည့်ပြီး ထလိုက်သည်။
]]ခဏလေးများ နားပါဦးလားဗျာ။ ကျုပ်နဲ့လဲ အဖော်အလှော် လုပ်ရတာပေါ့}}
]]ကျွန်တော့် စာအုပ်အတွက် တာဝန်က ရှိသေးလို့ပါ}} ကွိက တုံ့ဆိုင်းဆိုင်း ဖြေသည်။
ကပ်လျက်ရှိ သူ့အိပ်ခန်းသို့ ဝင်သွားကာ တံခါးပိတ်လိုက်ပြီးမှ အဖိုးကြီးနှင့် စကားစမြည် ပြောရန် အချိန်ပို ပေးသင့်သည်ဟု သူတွေးမိ၏။

တကိုယ်ကောင်းစိတ်ဖြင့် ကြည့်လျှင် သူ့အိမ်တွင်းရေး အစီအမံမှာ ဟန်ကျရှိလှသည်ဟု မဆိုနိုင်။ သက်တောင့်သက်သာ ပို၍ ရှိသော်လည်း သူ့အလုပ်က သက်တောင့်သက်သာနေရေးထိုင်ရေးပေါ်၌သာ တည်သည်မဟုတ်။ မစ္စက်ပိန်တာအိမ်တွင် နေစဉ်က အိမ်စရိတ်ပေးရသလောက်ပင် ယခုပေးနေရသော်လည်း လွတ်လွတ်ကျွတ်ကျွတ် နေရချိန် နည်းလှသည်။ အဖိုးကြီးအပေါ် ကိုယ်ရေးကိုယ်တာ တာဝန်ရှိရမလိုလို ဖြစ်နေသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်။

မစ္စတာပိန်တာအိမ်ရှိ ပိဋကက်ခန်းလေးသို့ ပြန်ပြေးချင်စိတ်ပေါ်နေကြောင်း သူ့ကိုယ်သူ သိ၏။ ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး လူသည် ယခုမလွတ်လပ်တော့။ ပါမောက္ခကြီးကို သူ အိမ်ပြောင်းတော့မည်ဟု ပြောရန်ခက်သည်။ အဖိုးကြီးက ငိုကြီးချက်မ လုပ်ချင်လုပ်မည်။ ဒေါသဖြစ်စရာ ကောင်းဆုံးမှာ နီကိုလိုဗီးယားသည် သူ့လိုပင် တကောင်ြွကပ် ဖြစ်သော်လည်း တကိုယ်ရေ တကာယထဲနေရခြင်းကို မကျေမနပ် ဖြစ်နေရုံမက သူ့ကို မှီခိုအားထားနေခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ဤအိမ်တွင် သူကျေနပ်သည်။ သူ့စာအုပ်အလွန်တွင်ကျယ်သည်။ သို့သော် ကံကြမ္မာသည် သူ့အချိန်ဇယားသစ်ကြီးကို ဗုံးပစ်ခွင်းပြန်ပြီ။ ဗိုလ်မှူးကြီး ကွယ်လွန်သွားပြီဖြစ်၍ ဒါရိုက်တာများက သူ့ကို အစားထိုး ခန့်ချင် ခန့်မည်။ ခန့်ချင်မှလည်း ခန့်မည်။ သို့သော် သူ့ကို အယ်ဒီတာ အဖြစ်ရွေးချယ်လျှင် လက်ခံမည်ဟု သူ ယတိပြတ် စိတ်ဆုံးဖြတ်လိုက်လေသည်။

သတင်းစာနှင့် ပတ်သက်၍ ကွိသည် ဝိညာဉ်လောကနှင့် ကဝေလောကကို ]]ဖွင့်ချ}}မည်ဟု တက်ထောင်မောင်းနင်း ပြောပြီး နောက်ဆုံးတွင် နတ်ဝင်သည်တို့၏ ဖောက်သည်ကောင်းကြီးဖြစ်သွားရသည့် ဒိတ်ဒိတ်ကျဲ သိပ္ပံပညာရှင်အချို့၏ အဖြစ်မျိုး ကြုံနေသည်။

အယ်ဒီတာဘဝကို ယခင်က သူ သရော်မော်ကားပြုခဲ့သော်လည်း တဖြည်းဖြည်းနှင့် ယခု အကြီးအကျယ် လေးစားလာသည်။ သတင်းစာ အလုပ်က သူ့ကို အံ့မခန်း ကျုံးသွင်းသည်။ ဤပညာသည် ထူးထူးဆန်းဆန်း စွဲမက်စရာ ကောင်းသော လက်ငင်း လက်တွေ့သိပ္ပံပညာဖြစ်သည်။

ဗိုလ်မှူးကြီးကောင်း နာမကျန်းဖြစ်နေစဉ်နှင့် ကွယ်လွန်ပြီးသည့်နောက် အယ်ဒီတာ တာဝန်ကို သူလုံးလုံးလျားလျားဆောင်ရွက်ရသည့် အချိန်အတွင်း သူ့တသက်တွင် ကြုံဖူးသမျှ အာရုံခံစားမှုများထက် သူ့ကို သာလွန်ညှို့ငင်နိုင်သော ပှုဂ္ဂိုလ်ရေး ဩဇာအာဏာ သဘောကို သူကြုံတွေ့လာရလေသည်။

ထိုဆွဲဆောင်မှုမျိုး သက်သက်မျှဖြင့်ကား သူ့စ္ဂာအုပ်ကြီးကို သူ စိမ်းကားနိုင်မည် မဟုတ်။ သူ့ကို အယ်ဒီတာခန့်လျှင် လက်ထောက်တဦးလည်း ခန့်မည်ဖြစ်၍ နံနက်ပိုင်းအချိန်များသည် သူ့ကိုယ်ပိုင်အချိန်ဖြစ်မည်။ ထိုအချိန်သည် တနေ့လေးနာရီမျှ ရှိမည်။ တနေ့ လေးနာရီနှုန်းနှင့်ဆိုလျှင် သူ့စာအုပ်ကြီးကို လေးနှစ်ခွဲအတွင်း ပြီးစီးနိုင်မည်။

ကွိသည် စားပွဲ၌ ထိုင်လိုက်သည်။ စာရွက်များ၊ စာအုပ်စာတန်းများ၊ ခဲတံ ခဲဖျက်များ စသည် သူအသုံးလိုသမျှ ပစ္စည်းများက အသင့်ရှိနေကြသည်။ သို့သော် သူ ဘာတခုကိုမျှ မကိုင်။ နာရီကို ကြည့်လိုက်သည်။ သူ့စိတ်သည် မူလအတွေးသို့ ပြန်ရောက်သွားပြီး ဧည့်ခန်းသို့ ပြန်ထွက်လာခဲ့သည်။

နီကိုလိုဗီးယပ်သည် သူ့နေရာတွင် ထိုင်မြဲ ထိုင်နေသည်။
]]အား၊ ဥာဏ်မီးမတောက်တော့ဘူး ထင်တယ်}}
]]ဒါလဲ တကြောင်းပေါ့လေ}}
]]ကျုပ် ပျင်းနေမှာစိုးလို့ ထွက်လာတာများလားဗျာ}}
ကွိက ကုလားထိုင်တွင် မရွှင်မပျ ထိုင်ချလိုက်သည်။ စကားတခွန်းမျှ ပြန်မပြော။
]]ပို့စ်ထဲမှာ ဖတ်ရတယ်}} နီကိုလိုဗီးယပ်က စကားဆက်သည်။
]]ဗိုလ်မှူးကြီးကောင်းက ရောဂါသက်သာနေပြီးမှ ရီယူနီယန်လို့ သူတို့ပြောနေတဲ့ ကိစ္စကို လုပ်ရင်း အိပ်ရာထဲ ပြန်လဲတာဆိုပဲ။ ဒီလို သူတောင်းစားအုပ်အတွက် ကိုယ့်အသက်များ အဆုံးခံရတယ်လို့ဗျာ}}
]]စစ်ပြန်တွေကို ခင်ဗျား ဒီလိုပဲ မြင်နေသလား}}
]]သူတို့ ဝတ်ပုံစားပုံတွေကို ခင်ဗျား တွေ့ဖူးသလား}}
]]ဟင့်အင်း}}
]]ကျုပ်က ဒီမှာ နေတာကြာတော့ သူတို့အကြောင်း သိသင့်သလောက် သိတယ်။ ရှေ့အပတ်ဆိုရင် ခင်ဗျား တွေ့ရတော့မှာပါ။ လေ့လာကြည့်ပေါ့}}
]]ကျွန်တော်လဲ စီစဉ်ထားပါတယ်}}
ကွိကို ရှာလီဝေလင်က သူတို့အိမ် ဆင်ဝင်ပေါ်မှ လာကြည့်ရန် ဖိတ်ခေါ်ထားသည်။

]]ခင်ဗျားတွေ့ပါလိမ့်မယ်ဗျာ။ တသက်လုံး ရိုးရိုးသားသားအလုပ်ဆိုလို့ ဘာအလုပ်မှ မလုပ်ခဲ့တဲ့ စုတ်တီးစုတ်ဖတ် အိုနာကျိုးကန်းတွေ}}
နီကိုလိုဗီးယပ်သည် ဆေးလိပ်ကို ကုန်အောင် သောက်ပြီး စကားပြန်ဆက်သည်။
]]လယ်ထွန်ရတာထက် ကောင်းတယ်ဆိုပြီး ငယ်ငယ်က စစ်ထဲ ဝင်ခဲ့တဲ့ လူတွေပေါ့။ ဒါမှမဟုတ် တခြားလုပ်စရာမရှိလို့ရင်လဲ ဖြစ်မယ်။ အတင်းစစ်ထဲ ဆွဲသွင်းခံရလို့ရင်လဲ ဖြစ်မယ်။ စစ်ပြီးတော့ သမိုင်းမှာ ဒုစရိုက်အပွေဆုံးလူတွေ ဖြစ်လာတော့တာပဲ။ မြင်ဇောင်း စောင့်တဲ့လူက သူရဲကောင်းကြီး ဖြစ်လိုဖြစ်။ ဒီတော့ တသက်လုံးထိုင်စားဖို့ပဲ ကျန်တော့တာပေါ့။ လူတွေကြည့်တော့ သန်သန်မာမာပဲ။ ဒါပေမယ့် သူတို့ ချစ်တယ်ဆိုတဲ့ ပြည်နယ်နဲ့ အိတ်ထဲက ဒေါ်လာသန်းပေါင်းများစွာကို မျိုဆို့ပစ်ကြတာပဲ။ နိုင်ငံရေးပါတီတွေကလဲ သူတို့ကို ရရာအလုပ်ပြန်လုပ်ကြဖို့ ပြောဝံ့တဲ့သတ္တိ မရှိကြဘူး။ တယောက်မကျန် သေကုန်တော့မှ ကိစ္စ ငြိမ်းတော့မှာပဲ}}

ကွိသည် သိပ္ပံပညာရှင်စိတ်ရှိသူဖြစ်၍ အခြားသူပြောစကားနှင့် မကျေနပ်။ ကိုယ်တိုင်ကိုယ်ကျ လေ့လာသည်။ ဤပြည်နယ်နှင့် အမေရိကန်တောင်ပိုင်း ပြည်နယ်များ၏ သမိုင်းမှတ်တမ်းများကို လေ့လာနေခဲ့သည်မှာ တနှစ်ရှိပြီ။ ထို့ကြောင့် နီကိုလိုဗီးယပ်က စစ်ပြန်ဆယ်ယောက်တွင် တယောက်ရှိမည့် လူစားမျိုးကို ပြယုဂ်လုပ်ပြီး သမိုင်းကို ပုံပျက်ပန်းပျက်ဖြစ်အောင် ပြောနေကြောင်း သူသိသည်။ ဘာကြောင့်ပါလိမ့်ဟုလည်း တွေးနေမိသည်။

]]ကျွန်တော်ဖတ်ထားတဲ့ တောင်ပိုင်းပြည်နယ်တွေရဲ့ သမိုင်းကြောင်းနဲ့ ခင်ဗျားအမြင်ကတော့ တခြားစီပဲ}}

]]ကျုပ်ပြောတာ ယုံလာအောင် ရှေ့ဆက်ဖတ်ဦးပေါ့}}
]]ခင်ဗျားကျတော့ ဖတ်ကို မဖတ်ဘူး မှုတ်လား}}
ပါမောက္ခက ရယ်၍
ၡ]]ဖတ္ပီလားဗ်ာ။ ဗိုလ်မှူးဘရွတ် ပါးစပ်ဖျားမှာ ဖတ်တယ်။ သတင်းစာတွေမှာ ဖတ်တယ်။ ဖြစ်ပေါ်နေတဲ့ သမိုင်းကိုဘယ်ရှောင်လို့ရမလဲ။ ကဲ၊ ညစာ ခေါင်းလောင်းတီးနေပီ။ ဆင်းကြစို့}}
ညစာစားပြီးကြသောအခါ ကွိက
]]မနေ့ညက ခင်ဗျား အိပ်လို့ မပျော်ဘူးထင်တယ်}}
]]အင်း ရောဂါဟောင်းပေါ့ဗျာ။ ခဏပါပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်တယောက်ထဲ မဟုတ်ဘူးဆိုတာ သိနေတော့ ရောဂါပေါ်တဲ့အချိန်မျိုးမှာ အားရှိတယ်}}

]]အကူအညီလိုလဲ ခေါ်လိုက်ပေါ့ဗျာ}} ကွိက ပြောသည်။
]]ကျေးဇူးပါပဲ}}

နီကိုဗီးယပ်က မျက်လုံးနက်များဖြင့် သူ့ကို ဆန်းဆန်းပြားပြား ကြင်နာစွာ ကြည့်နေသည်ကို ကွိ တွေ့လိုက်ရ၏။

ကွိ ညပိုင်းအလုပ်သို့ သွားသောအခါ စိတ်စနှောင့်စနင်းဖြစ်ရသော အတွေးနှစ်ခုက သူ့ကို အာရုံ ရှုပ်ထွေးစေသည်။ အတွေးတခုမှာ ပါမောက္ခကြီးက သူ့ကို လက်ကတုံးတောင်ဝှေး လုပ်လာခြင်းဖြစ်၏။ ဒုတိယအတွေးမှာ အိုင်ယာလန် လွတ်လပ်ရေးတိုက်ပွဲမှ ပြေးလာခဲ့သူက အမေရိကန်တောင်ပိုင်း စစ်ပြန်များကို သွားပုပ်လေလွင့်ပြောနေ၍ ဆန်းနေခြင်း ဖြစ်၏။

ထိုအတွေးနှစ်ခု သည် သူ့ခေါင်းထဲတွင် သံမှိုနှက်သလို စွဲနေလေ၏။

No comments: