Wednesday, December 2, 2009

အခန်း (၂၁)

(၂၁)

လမ်းတဖက်တချက်တွင် တမျှော်တခေါ် လူတန်းရှည်ကြီးပြည့်နေ၏။ သွားမရ၊ လာမရ။ ရဲများက လမ်းတလျှောက်စုန်ချီ ဆန်ချီ သွားကာ လူအုပ်ကို နောက်ဆုတ်ရန် တဟဲ့ဟဲ့ အော်နေရသည်။ အောက်လူအုပ်ပေါ် ပြုတ်ကျမည်စိုး၍ သစ်ပင်ပေါ်မှ ကလေးများကိုလည်း ဆွဲချရသေး။

နေရာတကာတွင် တလူလူလွင့်နေသော အလံများ။ ဟိုနေရာ ဒီနေရာတွင် ခရီးဦးကြိုဆိုသော ပန်းမုခ်ဦးကြီးများ။ ယနေ့သည် တောင်ပိုင်းပြည်နယ် တပ်စုများ ပြန်လည်တွေ့ဆုံပွဲ၏ အထွတ်အထိပ်နေ့။ ဗိုလ်ချုပ်ကြီး၏ ကွယ်ပျောက်စ ပြုပြီဖြစ်သော တပ်ြွကင်းတပ်ကျန်များ နှစ်ပတ်လည် စစ်ရေးပြတော့မည်။

မစ္စက်ဝေလင်၏ အိမ်သည် စစ်ရေးပြလမ်းကြောင်းပေါ်တွင် တည်ရှိသည်။ အိမ်မကောင်းလှသော်လည်း ကြီးသည်။ သက်တောင့်သက်သာ ထိုင်နိုင်သည့် ဆင်ဝင်အောက်ကလေးရှိသည်။ ရှင်သန်သော တိုင်းပြည် (အမေရိကန် ပြည်ထောင်စု) နှင့် သေလွန်သော တိုင်းပြည် (တောင်ပိုင်းပြည်နယ်စု)၏ အလံနှစ်မျိုးလုံးကို လွှင့်ထူထားသည်။

မစ္စက်ဝေလင်၏ အိမ်ဆင်ဝင်ဆောင်ကလေးသို့ ရှာလီဝေလင်၏ အထူးဖိတ်ကြားချက်အရ ကွိ ရောက်လာသည်။
ရှာလီက ဆီးကြို နှုတ်ဆက်သည်။
]]ရှင် မမေ့ဘူးနော်}}
]]ကျွန်တော် ခုနစ်နှစ်သားတုန်းက ညစာအတွက် ဝက်ပေါင်ခြောက် ကြော်ထားတာ ကြည့်လိုက်လို့ တင်မ်က မှာပြီး အပြင်ခဏထွက်သွားတယ်။ ကျွန်တော် စာအုပ်ဖတ်နေတော့ မေ့သွားတယ်။ တင်မ် ပြန်လာတော့ ဝက်ပေါင်ခြောက်က မီးသွေးခဲ ဖြစ်နေပြီ။ အဲဒီနေ့ကစပြီး ကျွန်တော် ဘာမှ မမေ့တတ်တော့ဘူး။ ဒီနေ့ ခင်ဗျားတို့ရုံးလဲ ပိတ်သလား}}

]]ဒီနေ့ ကျွန်မတို့ အလုပ်လုပ်မယ်လို့များ ထင်သလားရှင်}}
ရှာလီက သူ့ကို မိခင်ဖြစ်သူနှင့် မိတ်ဆက်ပေးသည်။ မစ္စက်ဝေလင်က သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခပ်နေ၏။
ရှာလီက လက်နှစ်လုံးခန့် အလံကလေးတခု ယူလာသည်။
]]ရှင်လဲ ကျွန်မတို့ဘက်တော်သားပဲ မဟုတ်လား။ ရှင့်ဖို့ ကျွန်မ အလံကလေး ယူလာတယ်}}
]]ဘာအဓိပ္ပာယ်နဲ့ ရင်ဘတ်မှာ ထိုးရမှာလဲ}}
]]တောင်ပိုင်းကို ရှင်မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေါ့ရှင်}}
]]ကောင်းပါပြီလေ။ ခင်ဗျား ထိုးစေချင်လဲ ထိုးရတာပေါ့}}

ရှာလီက သူ့မိခင်၏ မျက်စိရှေ့အောက်မှာပင် ကွိ အင်္ကျီ၌အလံထိုးပေးသည်။ ထို့နောက် မြက်ဖျာကလေး ယူလာပြီး ဆင်ဝင်လှေကားပေါ်၌ ကွိနှင့်အတူ ယှဉ်ထိုင်လိုက်သည်။
]]လူတွေ ကြည့်လိုက်စမ်းပါရှင်။ သိန်း သန်း ကုဋေပဲ}}
]]ဗိုလ်မှူးကြီးကောင်းသာရှိရင် သိပ်ကျေနပ်မှာပဲ}} ကွိက ပြောသည်။
နောက်ထပ်ရောက်လာသော ဧည့်သည်များဆီသို့ ရှာလီထသွားပြီး နှုတ်ဆက်သည်။ ဆင်ဝင်ပေါ်တွင် လူနှစ်ဆယ် အစိတ်ခန့်ရှိသည်။

ရှာလီပြန်လာပြီး သူ့ဘေးတွင် ထိုင်သည်။
]]မစ္စတာကွိ။ ပို့စ် ဒါရိုက်တာတွေ ဆုံးဖြတ်တာ ရှင်ကျေနပ်ရဲ့လား}}
]]ကျေနပ်ပါတယ်။ တခြားလူကို ရွေးရင်တော့ မထီမဲ့မြင်လုပ်တာလို့ ကျွန်တော် ထင်မိချင် ထင်မိမှာ။ မစ္စတာဝက်စ်ဆိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ ကျွန်တော်ကတော့ စောင့်မှာပဲ။ ခင်ဗျားလဲ မှတ်မိမှာပေါ့။ ဒီနှစ်ထဲမှာ အယ်ဒီတာဖြစ်ရမယ်လို့ ကျွန်တော်ပြောတာမှ မဟုတ်ပဲ}}
]]သိပါတယ်။ ဒါပေမယ့် သူတို့က ရွေးရင်တော့ ကျွန်မကို ရှင်ပြောဖူးသလို အဲဒီအလုပ်ကို လွှင့်ပစ်ဦးမှာလားဟင်}}
]]မပစ်တော့ပါဘူး။ လက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ}}
ရှာလီ စိတ်ထဲက ပြုံးလိုက်သည်။
]]ရှင်ဒီအလုပ်ကို စိတ်ဝင်စားနေပြီလား ဟင်}}
]]ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာ ပြောပြဖို့တောင် ခက်တယ်}}
]]အယ်ဒီတာ ဖြစ်ရမယ်ဆိုတဲ့ ရှင့်စကားကို မဟြွာကားလုံးကြီးလို့ ကျွန်မပြောခဲ့တာ မှတ်မိမှာပေါ့။ ရှင် ကျွန်မထက်သာသွားပြီလို့ ဝန်ခံရတော့မယ် ထင်တယ်}}
]]ကျွန်တော် ထင်တယ်}} ကွိက တိုးတိတ် ညင်သာဆုံး လေသံဖြင့် ပြောသည်။ ]]ကျွန်တော်က ခင်ဗျားထက် သာသလား။ ခင်ဗျားက ကျွန်တော့်ထက် သာသလားဆိုတာ ပြောဖို့ စောလွန်းသေးတယ်}}

ရှာလီက လမ်းပေါ်သို့ မျှော်ကြည့်ရင်း
]]တနေ့ကျရင် ရှင်အယ်ဒီတာဖြစ်မှာက ကျိန်းသေနေပြီပဲရှင်}}
]]ကျွန်တော်သတိရသလောက်တော့ အဲ့ဒီနေ့ညက ကျွန်တော်တို့ပြောကြတာ ခေါင်းကြီး ကိစ္စတခုထဲ မဟုတ်ပါဘူး}}
]]အို၊ နားထောင်စမ်း}}
အဝေးမှ ဒစ်ဇီ သီချင်းသံ ကြားရသည်။ ဩဘာသံများ ရှည်လျားကျယ်လောင်စွာ ပေါ်လာသည်။ ရှာလီက ဧည့်သည်တဦးကို ထနှုတ်ဆက်ပြီး ပြန်ထိုင်သည်။

ဒစ်ဇီ။ ။ ၁၈၅၉ တွင် ဒီ-ဒီ-အမ်မက်ဆိုသူ ရေးစပ်သော သီချင်း။ တောင်ပိုင်းပြည်နယ်စု စစ်တပ်များ၏ စစ်သီချင်းအဖြစ်ကျော်ကြားသည်။ ၁၈၆၁ ဖေဖော်ဝါရီ ၁၈ တွင် ကျင်းပသော တောင်ပိုင်းပြည်နယ်ပေါင်းစု သမ္မီတဂျက်ဖာဆန်ဒေးဗီး၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင်လည်း ထိုသီချင်းကိုပင် သီဆို တီးမှုတ်ခဲ့သည်။

ကွိက စကားပြောင်းလိုက်ပြီး
]]ခင်ဗျားတို့ စစ်ပြန်ကြီးတွေ အကြောင်းပါမောက္ခနီကိုလိုဗီးယပ်ပြောပုံ ခင်ဗျား ကြားစေချင်တယ်}}
]]အမနာပတွေ ဖြစ်မှာပေါ့}}
]]ဒီလူတွေက နှစ်ပေါင်း လေးဆယ်လောက် ယူနီဖောင်းဝတ်ပြီး တောင်းစားနေတာတဲ့။ တိုင်းပြည်အတွက် သူတို့ အကျိုးပြုနိုင်တာကတော့ မြန်နိုင်သမျှ မြန်မြန်သေပေးဖို့ပဲတဲ့။ ခင်ဗျားသာကြားရင် ဒီလူကြီး အရင်က ပြည်ထောင်စု စစ်ဗိုလ်ဖြစ်ခဲ့မှာပဲလို့ ထင်မှာ}}

]]သူ့အကြောင်း ရှင်အကုန်သိတယ်ဆို ရှင့်}}
]]သူပြောတာသာ သိတာပါဗျာ}} ကွိက ရိုးရိုးသားသား ဝန်ခံသည်။
]]ရှာလီ}} သူ့မိခင်က လှမ်းမေးသည်။ ]]ကျောက်ပြားပေါ်ထိုင်နေတာလား}}
]]ဖျာခင်းထိုင်နေတာပါ မေမေရဲ့}}
]]ပြည်ထောင်စုစစ်ဗိုလ်တောင် ဟုတ်မှာ မဟုတ်ပါဘူး။ သူ့လိုစိတ်အချဉ်ပေါက်နေတဲ့ လူတွေက ဘယ်အထဲမှာမှ မပါတဲ့ သရဲဘောကြောင်သူတွေသာ များပါတယ်။ ကြည့်၊ မစ္စတာ ကွိ။ ကြည့်လိုက်စမ်း}}

တလမ်းလုံး ဝရုန်းသုန်းကားဖြစ်သွားသည်။ အော်သံဟစ်သံများ ပိုမိုကျယ်လောင်လာသည်။ စစ်ကြောင်းတပ်ဦးကို နှစ်လမ်းကျော်တွင် လှမ်းမြင်ရသည်။ ကွိ မျှော်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် လှိုက်ဖိုသွားသည်။

No comments: