Wednesday, December 2, 2009

အခန်း (၁၇)

(၁၇)
ဖီဖီ့ မြေပုံကလေးသည် မြှုပ်နှံပြီးစကကဲ့သို့ အမြင်မဆိုးတော့။ မြက်ပင်ကလေးများ လွှမ်းဖုံးစ ပြုလာပြီ။ နှင်းဆီချုံကလေးများကလည်း လေယူရာ ယိမ်းနေသည်။
ရှာလီသည် မြေပုံပေါ်တွင် ပန်းများကို အသာအယာချလိုက်သည်။

ကိုက် ၁၀ဝ ခန့်အကွာရှိ တံတားပေါ်တွင် လူတယောက်ရပ်နေသည်။ တံတားပေါ်မှ ရှာလီဖြတ်လျှောက်သွားသည်။ ထိုအချိန်တွင် သူ့အမည်ကို ခ်ါသံကြားရသည်။

]]မစ္စဝေလင် နေထိုင်ကောင်းရဲ့လား}}
ရှာလီ လှည့်ကြည့်လိုက်သည်။ အံ့အားသင့်သွားသည်။
]]မစ္စတာကွိ}}
သူတို့ လက်ဆွဲ နှုတ်ဆက်ကြသည်။

]]ရှင့်ကို မတွေ့ရတာ ကြာလှပီ}} ရှာလီက သွက်သွက်ကလေးပြောသည်။ ]]ရှင် သိပ်ပြောင်းလဲနေတာပဲ}}
လူမှုရေး သိပ္ပံပညာကြီးမှ ငါးမိုင်ဝေးသော ဤတံတားပေါ်သို့ အလည်အပတ်ရောက်နေသည့် ကွိ၊ အမျိုးသမီးကို ကိုယ်က စ၍ နှုတ်ဆက်ဖော်ရတတ်လာသည့် ကွိကို ရှာလီ စူးစူးစမ်းစမ်း ကြည့်နေသည်။ ကွိ တကယ်တသွေးတမွေး ပြောင်းလဲနေသည်။ အရပ်ထွက်လာသည်။ ရင်မောက်ကာ ပခုံးကျယ်လာသည်။ ကိုယ်လုံးပြည့်ဖြိုးလာသည်။ ခါးလည်း မကိုင်းတော့။

ကွိသည် နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဦးထုပ်ဆောင်းထားသည်။ ဆံပင်ကလည်း သပ်သပ်ရပ်ရပ်။ အသားအရည် စိုစိုပြေပြေ။ အံ့ဖွယ် အကောင်းဆုံးမှာ မျက်မှန်မတပ်တော့ခြင်းဖြစ်သည်။ ပုံပျက်ပန်းပျက် မျက်မှန်းဝိုင်းကြီးမရှိတော့သဖြင့် သူ့မျက်လုံးများ ပါမောက္ခမဆန်တော့။

သိပ္ပံမဆန်။ မျက်မှန်မပါသော ကွိအပေါ် ရှာလီ အနှစ်ခြိုက်ဆုံးအချက်မှာ သူနှင့်ပတ်သက်၍ ရှို့တိုးရှန့်တံ့ လုံးဝ မရှိခြင်း ဖြစ်သည်။

]]ဒီနေ့မနက် ဘုရားရှိခိုးကျောင်းမှာ ဗိုလ်မှူးကြီးကောင်းနဲ့ ကျမ တွေ့ခဲ့တယ်။ ရှင့်အကြောင်း ပြောပြသွားတယ်။ ချီးကျူးပါတယ်ရှင်}}

]]ခင်ဗျား ကျွန်တော့ ခေါင်းကြီးတွေ ဖတ်သေးသလား}}
ရှာလီက
]]ပို့စ်ကို နှစ်ပေါင်းများစွာကတည်းက ကျမ အစအဆုံး ဖတ်တာပဲရှင်}} ဟု ဖြေသည်။

]]ကျွန်တော် ခေါင်းကြီးတွေနဲ့ ဗြိတိသျှ စွယ်စုံကျမ်း ကွာပါပီနော်}}
]]အရစ္စတိုတယ်တို့၊ ပလေတိုတို့တွေ ထည့်မရေးရင် ဗိုလ်မှူးကြီးကောင်းရဲ့ ခေါင်းကြီးနဲ့တောင် ခွဲမသိနိုင်ပါဘူးတဲ့ ရှင်။ ဓာတ်ရထားထွက်ချိန် နီးပီ။ ရှောက်သွားကြရအောင်}}
]]ဒီတစ်နွေလုံး ကျွန်တော် ခြေကုန်လက်ပန်းကျနေတဲ့ ပန်းရန်သမားတွေအကြောင်း ကောင်းကောင်းစဉ်းစားတယ်။ ပန်းရန်သမားတယောက်ကိုတောင် သိနေပီ။ ဒါပေမယ့် ခြေကုန်လက်ပန်းကျတာတော့ မတွေ့ရပါဘူးဗျာ}}

ပန်းရန်သမားအကြောင်း ကွိ သတိရနေခြင်းကို ရှာလီကျေနပ်သည်။ ထိုစကားလုံးသည် သူ့ကို ရည်ရွယ်ပြောသော ကျေးဇူးတင်စကား ဖြစ်လေမလားဟု တွေးမိသည်။ ဤကိစ္စ စကားမဆက်တော့၍ ပျောက်ချက်သား ကောင်းသွားသော မျက်မှန်ကြီးအကြောင်း စကားရောက်သွားသည်။
]]စားပွဲပေါ်က ကျကွဲသွားတာနဲ့ ပစ်ထားလိုက်တာပဲ။ အတော်ဟန်ကောင်းတဲ့ မျက်မှန်ဗျာ}}

ရှာလီက
]]ဒါဖြင့် ရှင့်မျက်စိက မြင်ရရဲ့လား}}
]]မြင်ပါတယ်}} ကွိက စကားဆက်သည်။ ]]အဲဒီမျက်မှန်ကြီးက ဟန်သာ ကောင်းနေတာ။ ရိုးရိုးမှန်တွေပါ။ ကျွန်တော် ၁၂ နှစ်သားတုန်းက ကုန်ပဒေသာတိုက်က ဝယ်တပ်ခဲ့တာ}}
]]ဘာဖြစ်လို့ တပ်ရတာလဲ}}

စာကြည့်တိုက်ကို မှန်မှန်လာတဲ့လူတိုင်း မျက်မှန်တပ်တာ တွေ့တာနဲ့ ကျွန်တော်လဲ ဝယ်တပ်လိုက်တာပဲ။ နောက်တော့ အကျင့်ဖြစ်နေရော။ တကယ်တော့ ကျွန်တော့်မျက်လုံးက လူတကာထက်ကောင်းပါတယ်}}

သူဖွင့်ပြောဖူးသမျှထဲတွင် ဤစကားသည် ကရုဏာ သက်စရာ အကောင်းဆုံး စကားဟု ရှာလီထင်မိ၏။

]]ခင်ဗျား ဘုရားရှိခိုးကျောင်းဝင်းထဲ ရောက်ခဲ့တယ်မဟုတ်လား}} ကွိက မေးသည်။ ]]ကျွန်တော်လဲ ခင်ဗျား မလာခင်ကလေးတင် ရောက်ခဲ့တယ်။ အုတ်ဂူတွေက စာတွေက စိတ်ဝင်စားစရာပဲ။ အိမ်ရောက်မှ ပြန်ဖတ်ရဦးမယ်။ ဒီဆောင်းဦးမှာ ခင်ဗျားတို့ သမ္မာကျမ်းစာကို ကျွန်တော် အသေးစိတ် လေ့လာနေတယ်။ ခရစ်ယာန် အယူဝါဒါတွေကို ခင်ဗျား အားလုံး လိုက်နာတာပဲလား}}
ရှာလီက တွန့်ဆုတ်ဆုတ်ဖြစ်နေပြီးမှ
]]အဖြေရခက်သားလားပဲရှင်။ တိုက်ရိုက်ကြီး ဟုတ်ကဲ့လို့လဲ မဖြေနိုင်ဘူး။ ဟင့်အင်းလို့လဲ မဖြေနိုင်ဘူး။ ပညတ်ချက်အားလုံးကို ကျမ ယုံတယ်။ ကျမရဲ့ ဆင်ခြင်တုံတရားနဲ့ အပ်စပ်အောင်တော့ ဟိုနေရာနဲနဲ ဒီနေရာနဲနဲတော့ လိုတိုးပိုလျော့ လုပ်ရတာပေါ့}}

]]အား၊ ဒီလိုဆိုတော့ ခရစ်ယာန် အယူဝါဒတွေက ပြုပြင်လို့ရတယ် ဆိုရမှာပေါ့}}
]]ဒါပေါ့။ ရှင်ဆိုရင်ကော မပြင်ဘူးလား။ ကျမကော မပြင်ရဘူးလား။ ရှင်သန်နေတဲ့ အရာဝတ္တုတိုင်းဟာ မွမ်းမံပြုပြင်မှုကို ခံရမှာချည်းပဲ။ ဒီတရားတော်တွေက ဘဝကို အခြေခံတဲ့ သဘောတရားတွေဖြစ်လို့ အဆင့်ဆင့်ပြောင်းလဲ တိုးတက်တာပဲပေါ့ရှင်}}
]]ဒီလိုဆို ခင်ဗျားလဲ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှု ဝါဒီပဲပေါ့လေ}}

]]ဟုတ်ပါ့ရှင်။ ဒါပေမယ့် ရှင်ပြောတဲ့ လူ့အဖွဲ့အစည်းကလေးတွေ၊ နိုင်ငံတွေ၊ လူမျိုးတွေ ဆိုတာ ငဖြူ၊ ငနီ၊ ငကြောင်၊ ငကျားတွေနဲ့ ပေါင်းစပ်ထားတာပဲ မဟုတ်လား။ ကျမတို့ သမ္မာကျမ်းစာက လူတဦးချင်းစီနဲ့ ဆက်ဆံတယ်။ တခြားနည်းဆက်ဆံစရာလဲ မရှိဘူးလေ။ လူတဦးချင်းစီရဲ့ လိပ်ပြာဟာ အရာရာတိုင်းရဲ့ မူလဘူတပဲ မဟုတ်လားရှင်}}

]]အား၊ ခင်ဗျားပြောတဲ့ လိပ်ပြာဆိုတာကို ပိုပြီး ထိန်းချုပ်နိုင်တာအပေါ်မှာ ခင်ဗျားရဲ့ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုဆိုတာက တည်နေတာပေါ့။ ဟုတ်လား}}

]]ဒီလိပ်ပြာဆိုတာအပေါ်မှာတော့ အားလုံး တည်ချင်မှ တည်မှာပေါ့။ တွေးခေါ်ဥာဏ်ပေါ်မှာလဲ တချို့တဝက် တည်သေးတယ်လို့ ထင်ပါတယ်}}

]]အဲဒီမှာ ခင်ဗျား သွက်သွက်ခါအောင် မှားတော့တာပဲ}}
]]ဘာဖြစ်လို့လဲရှင့်။ တွေးခေါ်ဥာဏ်ရင့်သန်လေ အရင့်မာစား လူတွေ ပေါ်လာလေ မဟုတ်ဖူးလား}}
]]ဖြေးဖြေး လျှောက်ကြရအောင်ဗျာ}} ကွိက ခေါင်းပေါ်မှ သစ်ကိုင်းခြောက် တကိုင်းကို ချိုးချလိုက်ပြီး ဆက်ပြောသည်။
]]လူအမျိုးအစားကို ခင်ဗျား ဘယ်လိုတိုင်းတာသလဲ။ အရင့်မာစားလူတွေလို့ ပြောတာ ဘာကို တိတိကျကျ ဆိုလိုတာလဲ}}

]]အရင့်မာစား လူဆိုတာက}} ရှာလီက သူကိုယ်တိုင်လည်း ခြေခြေမြစ်မြစ် သိဟန်မတူပဲ ဆက်ပြောသည်။ ]]တခြား လူစားတွေထက် အသိဥာဏ်၊ တွေးခေါ်ဥာဏ်မြင့်မားတာကို ပြောချင်တာပါရှင်}}

]]အနာဂတ် လူ့ယဉ်ကျေးမှုကို အအောင်မြင်ဆုံး ဖန်တီးနိုင်မယ့်လူတွေ၊ စိုးမိုးဘို့၊ မျိုးမပြုတ်ဖို့ အထိုက်တန်ဆုံး လူတွေလို့ ခင်ဗျား ဆိုလိုတယ်ပြောပါလေ။ ဒါပေမယ့် သမိုင်းကို ပြန်ကြည့်ရင် တွေးခေါ်ဥာဏ် ရင့်သန်ရုံနဲ့ အဲဒီလို လူစားမျိုးတွေ ဖြစ်လာနိုင်ဘို့ အာမခံချက် မရှိသေးဘူးဆိုတာ ခင်ဗျားတွေ့ပါလိမ့်မယ်}}
]]ဒါတော့ ကျမလဲ မသိပါဘူး မစ္စတာကွိ}}

]]ဒီလိုဆို ကျွန်တော် ရှင်းပြမယ်။ ပြင်သစ်တွေကို ကြည့်။ ဥရောပလူမျိုးတွေထဲမှာ တွေးခေါ်ဥာဏ် အထက်မြက်ဆုံး လူတွေပဲ။ သူတို့ ဒီနေ့ တခြား လူမျိုးတွေနဲ့ ပခုံးချင်း ယှဉ်နိုင်ရဲ့လား။ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှု ပညာရှင်တွေက ပြင်သစ် လူမျိုးမှာ ဆုတ်ယုတ်မှု လက္ခဏာတွေ တွေ့နေရတယ်။ ဂရိတွေကို ကြည့်။ ဂရိလူမျိုးတွေဟာ ဒီနေ့ ကမ္ဘာကြီးကို ကြီးစိုးနေတဲ့ လူမျိုးတွေထက် တွေးခေါ်ဥာဏ် ကြီးရင့်တယ်ဆိုတာ ကျောင်းသား ကလေးတိုင်းသိတယ်။ ဒီနေ့ အင်္ဂလိပ်အနွယ် လူမျိုးတွေနဲ့ ပရီကခေတ် ဂရိတွေရဲ့ တွေးခေါ်ဥာဏ် အဆင့်ကွာခြားမှုဟာ ဒီနေ့ အာဖရိက လူရိုင်းတွေနဲ့ အင်္ဂလိပ် လူမျိုးတွေ ကွာခြားသလောက် ကွာခြားတယ်ဆိုတာ မနုဿဗေဒ ပညာရှင်တိုင်း သိတယ်။ အရစ္စတိုတယ်တို့။ ပလေတိုတို့၊ ဆိုခရားတီးတို့နဲ့ တွေးခေါ်ဥာဏ်ချင်း ယှဉ်နိုင်တဲ့ ဒီခေတ်သားတယောက်ကို ပြနိုင်ပါ့မလား။ သူတို့ရဲ့ တွေးခေါ်ဥာဏ်မြင့်မားမှုက သူတို့ကို ကယ်နိုင်ခဲ့ရဲ့လား။ ဒီနေ့ ဂရိတွေ သစ်သီးရောင်းနေရတယ်။ ပလေတိုရဲ့သား မြေး မြစ်တွေ ကမ္ဘာလှည့်ပြီး ဖိနပ်တိုက်နေရတယ်။ တွေးခေါ်ဥာဏ် ရင့်သန်မှုဟာ လူမျိုးကြီးကျယ်မှုအတွက် လိုအပ်တယ်ဆိုတဲ့ အယူအဆကို သူတို့ ပယ်ဖျက်ပြနေတာပဲ။ ဒါဖြင့် အောင်မြင်တဲ့ အဆင့်ဆင့် ပြောင်းလဲတိုးတက်မှုရဲ့ အခြေခံမူက ဘယ်မှာလဲလို့ မေးစရာရှိတယ်။ ဟာဒါ လူမှုရေး စီမံချက်တိုင်းရဲ့ အခရာကိစ္စပဲ။ သမိုင်းဦးကာလနေပြီး လူတွေတိုးတက်ပေါ်ထွက်လာပုံကို သုံးသပ်ကြည့်ရအောင်}}

ပရီကခေတ် ။ ။ ဂရိပြည် အေသင်မြို့ နိုင်ငံ အထွန်းကားဆုံးခေတ်၊ ခရစ်နှစ် ငါးရာစု။

ကွိသည် ဆောင်းဦး၏ တောအုပ်ကလေးထဲတွင် တကမ္ဘာလုံး တယောက်သာ သူသိသော မိန်းကလေးနှင့် အတူ လမ်းလျှောက်ရင်း သမ္မာကျမ်းစာမှ တဆင့် တွေးခေါ်ဥာဏ်မြင့်မားမှုတခုတည်းဖြင့် လူမျိုးနှင့် ယဉ်ကျေးမှု အရှည် မတည်တံ့နိုင်ပုံများကို အကျယ်တဝင့် ရှင်းပြလာသည်။

စကားခဏပြတ်ချိန်တွင် ရှာလီက ကွိ စာအုပ်ကြီးအကြောင်းကို မေးသည်။ ကွိက မေလမှ စက်တင်ဘာလထိ တလုံးတပါးဒမျှမရေးဖြစ်ကြောင်း ဖြေသည်။

]]ဒါပေမယ့် တနေ့ ခြောက်နာရီတော့ အချိန်ပေးနိုင်ပါပြီ။ ဒါလဲ နှောင့်နှေးအုံးမှာပါပဲ။ ဘာဘဲဖြစ်ဖြစ် ဒီတနွေလုံး အချိန်ဖြုန်းပစ်လိုက်ရတယ်လို့တော့ မထင်မိပါဘူး}}

]]ဟုတ်ကဲ့၊ ရှုခင်းက လှလိုက်တာနော်}}
ကွိက ရှာလီ လှမ်းမျှော်ကြည့်နေသည့် နေဝင်ချိန် ရှုခင်းကို လိုက်ကြည့်ပြီး
]]မလှပါဘူး။ သိပ်ငြိမ်လွန်းနေတော့ ငြီးငွေ့စရာ ကောင်းတယ်။ ရှုခင်းဆိုတာက ပင်ကိုယ်စရိုက်၊ ပင်ကိုယ်ဟန် ရှိမှပေါ့။ ကျွန်တော်ကတော့ ခင်ဗျားကို လှတယ် ထင်တယ်}}

ရှာလီတုန်သွားသည်။ ရှက်သွေးဖြန်းသွားသည်။ သို့သော် ကွိ အသံက ပုဂ္ဂလဒိဌာန် လုံးဝမဟုတ်၍ တော်သေး။

]]အော် ရှင်က ဒီလိုထင်သလား။ ကျေးဇူးပါပဲရှင်။ လူတော်တော်များများကတော့ အဲဒီလို မထင်ကြပါဘူး}}
ရှာလီက စကားကို ချက်ချင်း လှီးလွှဲလိုက်သည်။
ကွိက ငြိမ်မြဲငြိမ်နေသည်။ ရှာလီက ]]ရှင် တခြားလူတွေရဲ့ အင်္ဂါရုပ်ကို သတိပြုမိတတ်မှန်း ကျမမသိဘူး}} ဟုပြောသည်။

]]ကျွန်တော်မှတ်မိသလောက်တော့ အရင်က ကျွန်တော်လဲ ဒါမျိုး ဘယ်တော့မှ အမှတ်မထားတတ်ပါဘူး။ ကျွန်တော်ထင်တော့ လွင်ပြင်ထဲ လှမ်းကြည့်နေတဲ့ ခင်ဗျားရဲ့ မျက်လုံးတွေက ကျွန်တော့်ကို အမှတ်ထားမိအောင်လုပ်တယ် ထင်တာပဲ။ အဲဒီ မျက်လုံးတွေကို ဂရုတစိုက် ကြည့်လိုက်မှ ခင်ဗျားလှတာကို ကျွန်တော် သတိပြုမိတာပါ}}

ချီးချီးပပ ပြောပုံက ထူးခြားလှသည်။ အပြစ်ကင်းလှသည်။ ထပ်ပြောလျှင် ပျက်ပြယ်သွားနိုင်သည်။ ထို့ကြောင့်
]]မစ္စတာကွိ၊ ဒီနေ့ပါတဲ့ ကယ်ဆယ်ရေးဂေဟာ ခေါင်းကြီးအတွက် ကျမတို့ ဌာနက ဗိုလ်မှူးကြီးနဲ့ ရှင့်ကို ဘယ်သူ့ ကျေးဇူးတင်ရမလဲဟင်}}

]]နှစ်ယောက်လုံး တင်ပေါ့။ သူက အကြံပေးတယ်။ ကျွန်တော်က ရေးတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခွဲပြောလို့ မဖြစ်ဘူး}}
ရှာလီက ခေါင်းညိတ်လိုက်ပြီး
]]ဒီဂေဟာအတွက် ကျမတို့ ဒီတဆောင်းလုံး အလုပ်လုပ်ကြရမှာပဲ။ ပြည်နယ်တစ်ခုလုံးက ဂေဟာအပေါ် စိတ်ညွှတ်လာအောင် လုပ်ရမယ်။ လွှတ်တော်ကျင်းပတဲ့အခါ ဂေဟာအတွက် ငွေကို မငြင်းနိုင်အောင်ကို လုပ်ထားရမယ်။ ဒီဂေဟာကိစ္စ ပီးသွားရင် ကျမ လုပ်ချင်တာတွေ ထောင်သောင်းချီပီး ရှိနေသေးတယ်။ ရှင် ငွေမလိုချင်ဘူးလားဟင်။ သမုဒ္ဒရာ အတန်တန်လောက်ကို များတဲ့ငွေတွေလေ}}
]]မလိုချင်ပါဘူးဗျာ}}

]]ကျမကတော့ လိုချင်တယ်ရှင့်။ ပြည်နယ်ထဲမှာ ဂေဟာတွေ အဖွဲ့အစည်းတွေကို ငြုပ်ကောင်းမှုန့်ဖြူးသလို ပြန့်ကြဲဖွင့်ပစ်လိုက်ချင်လို့။ ကျမတို့လဲ တခါတုန်းက ငွေအထုတ်အထည်ကလေး တော်တော်များများ ရှိခဲ့ပါရဲ့။ ကျမ တလသမီးလောက်ကပေါ့လေ}}

]]ဟုတ်ကဲ့ ကြားဖူးပါတယ်။ ဟင်နရီဂျီဆာဖေ့အကြောင်းက မကြားချင်လို့မှ မနေရတာ။ ခင်ဗျားက နှမြောနေလို့လား}}
]]ကျမအဖေ သိမသွားတာပဲ ဝမ်းသာလှပါပီရှင်}}
မြို့ထဲသို့ ပြန်မည့် ဓာတ်ရထားရောက်လာသည်။
]]မစ္စဝေလင်}} ကွိက ရုတ်တရက်ပြောလိုက်သည်။ ]]ခင်ဗျားနဲ့ ပထမအကြိမ်တွေ့တုန်းက ကျွန်တော့်ကိုယ်ရေးကိုယ်တာ အတွင်းရေးကိစ္စတခု ခင်ဗျားကိုပြောပြခဲ့တယ်။ အဲဒီတုန်းက ဒါအတွင်းရေးကိစ္စပါလို့ မပြောခဲ့မိဘူး။ ဒါပေမယ့်}}
]]ကျမက ရှင်မပြောလဲ အတွင်းရေးလို့ပဲ သဘောထားခဲ့ပါတယ်ရှင်။ ဘယ်သူ့မှလဲ ပြန်မပြောမိပါဘူး}}

ယခင်က သူတို့နှစ်ဦးသား ပွင့်လင်းစွာ ဆွေးနွေးခဲ့သည့် ဤကိစ္စကို ယခု သူတို့နှစ်ဦးစလုံး မပြောဝံ့ဝံ့ ပြောဝံ့ဝံ့ ဖြစ်နေခြင်းသည် မစ္စတာကွိ မည်မျှ ပြောင်းလဲနေကြောင်း ရှာလီအဖို့ အတိုင်းအတာပင် ဖြစ်ပေတော့သည်။
ရှာလီသည် အဝေးသို့ မျှော်ငေးကြည့်နေရင်းကွိကို မေးခွန်းတခုမေးချင်နေသည်။
ထိုအချိန်မှာပင် ကွိက မမေးရသော ရှာလီ၏ မေးခွန်းကို စိတ်မချမ်းမမြေ့ ဖြေလိုက်သည်။

]]ကျွန်တော့်အဖေနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ စိတ်ကူးသုံးမျိုးရှိတယ်။ တမျိုးက ကျွန်တော့်အဖေမှာ ထူးထူးဆန်းဆန်း သားသမီး မွေးမြူနည်း အယူအဆတွေ ရှိတယ်လို့ ထင်တယ်။ ဒုတိယတမျိုးက ကျွန်တော့်ကို လက်ရှိအခြေအနေနဲ့ သူမွေးဘို့ စိတ်ကူးမရှိဘူးလို့ ထင်တယ်။ တတိယတမျိုးကတော့ သူ့ကို လက်ရှိအခြေအနေနဲ့ ကျွန်တော်က အဖေလို့ သဘောထားချင်မှာ မဟုတ်ဘူးလို့ သူထင်နေတယ်ထင်တယ်။ ခင်ဗျားကို ကျွန်တော် ပြတဲ့စာ ရပြီးကတည်းက နောက်ထပ် ဘာစာမှ မရတော့ဘူး။ ကျွန်တော်ထင်တော့ သူ သေပီနဲ့ တူပါရဲ့}}

]]မသေရင်တော့ ရှင်တို့ တနေ့ တွေ့ကြမှာပဲလို့ ကျမ ထင်ပါတယ်ရှင်။ သူက အတွေ့မခံချင်တာ ဆိုရင်တော့ ရှင့်ကို နယူးယောက်ကနေပြီး ဒီမြို့ကို ခေါ်မှာ မဟုတ်ပါဘူး။ ရှင် အဲဒီလို မထင်ဘူးလား}}

ကွိက ရှာလီ ဓာတ်ရထားပေါ် တက်သည်ကို အကူအညီ တစုံတရာ မပြုဘဲ ဆက်ပြောသည်။
]]ကျွန်တော်သာ ခင်ဗျားတို့ ဘာသာရေး အယူဝါဒတွေကို ယုံရင် ကျွန်တော့ အဖေဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ပြုမူတာပဲ။ ကျွန်တော့်ကို ဒီမြို့ ရောက်အောင်လုပ်တာ ဘုရားသခင်ရဲ့ အလိုတော်ပဲလို့ ကျွန်တော်ယုံကြည်မှာပဲ}}

ဓာတ်ရထား တရွေ့ရွေ့ ထွက်စပြုချိန်တွင် ရှာလီက
]]ရှင်ကော မလိုက်ဘူးလားဟင်}}
]]မလိုက်တော့ဘူး။ လမ်းလျှောက်ပြန်မှာ}} ကွိသည် ကမြောသောပါး ဦးထုပ်မြှောက်ပြကာ နှုတ်ဆက်လိုက်သည်။
သူတို့ ခွဲခွာရခြင်းသည် ဤကမ္ဘာပေါ်တွင် နောင် ဘယ်သောအခါမှ ပြန်လည် မတွေ့ဆုံကြရတော့မည့် ခွဲခွာခြင်းမျိုး ဖြစ်လေသည်။
]]မကြာခင် ပြန်တွေ့ကြဦးမယ်လို့ မြှော်လင့်ပါတယ်}} ဟူသော လောကဝတ်စကားမျှ မပြောလိုက်ရခြင်းကို မိုင်ဝက်ခန့် လမ်းလျှောက်မိမှ ကွိ စဉ်းစားမိသည်။ ဤအမှားကို အဖတ်ဆယ်၍ရမည့်လမ်း သူမမြင်။ ရှာလီဝေလင်အဖို့ သူနှင့် နောက်ဆုံးခွဲခွာခြင်း ခွဲခွာရန် နှုတ်ဆက်ခြင်း ဖြစ်သည်ဟုသာ တထစ်ချ ယူဆပေတော့မည်။

တညတွင်မမျှော်လင့်ဘဲ ညစာစားခန်းထဲသို့ ကွိဝင်လာသည်။ ၈ နာရီခန့် ရှိပြီ။ သတင်းစကားတခု ပြောစရာရှိ၍ လာသည်ဟု ဆိုသည်။

ရှာလီက ကွိကို မျှော်နေသည်ဟု ပြောသည်။ မစ္စက်ပိန်တာအိမ်သို့ ရှာလီရောက်သည့် အကြိမ်ပေါင်း မည်မျှရှိပြီကို ကွိအားခန့်မှန်းခိုင်းသည်။ ထိုသို့ အကြိမ်ကြိမ် လာနေသဖြင့် ဘေးလူများက စကားတင်းဆိုနေကြကြောင်း ပြောပြသည်။ ရှာလီ မကြာခဏလာခြင်းသည် မစ္စတာကွိကို ကာအိနြေ္ဒမဲ့မဲ့လာတွေ့နေခြင်း ဖြစ်သည်ဆိုသော စကားတင်းဖြစ်သည်ဟု ပြောပြသည်။
ရှာလီက နှုတ်ခမ်း ဆတ်ဆတ်တုန်လျှက် ပြောပြနေသည်။ အလွန်အမင်းရှက်နေပုံရသည်။

ကွိက မနေတတ် မထိုင်တတ် ဖြစ်နေသည်။ ထိုသို့သော သိမ်ဖျင်းမှုများကို စကားတခွန်းတည်းနှင့် သူချေဖျက်ပစ်နိုင်သည်ဟု ပြောသည်။ ရှာလီဘက်ကလည်း အခြေအမြစ်မရှိသော စကားတင်းများကို ငြင်းဖို့ ဘာမျှ ခက်စရာမလိုဟု ပြောသည်။
]]ကျမ မငြင်းနိုင်ဘူး။ ဘာဖြစ်လို့လဲ သိလား}} ရှာလီက သူ့ စကားကို ဖြတ်ကာ ရီဝေဝေအပြုံးနှင့် ပြောသည်။ ]]သူတို့ပြောတာက မှန်နေတာကိုး}}

ရှာလီသည် လှစ်ကနဲ ထသွားသည်။ ပစ္စည်းများကို ရွှင်ရွှင်မြူးမြူး သိမ်းဆည်းနေသည်။ ကွိက မကျေမချမ်းနှင့် ငြိမ်ထိုင်နေပြီး ရှာလီကို ကြည့်နေသည်။

]]ရှင် ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်း လူမှုရေး ပြဿနာကလေးတခုအတွက် အကြံဥာဏ် တောင်းပါရစေ။ လော်ရာတို့ ကိစ္စပါ}}

ကွိက စိတ်မရှည်သံဖြင့်
္စ]ဘယ်သူလဲ လော်ရာ ဆိုတာက}}
]]လော်ရာက မစ္စက်ပိန်တာရဲ့ ထမင်းချက် ကပ္ပလီမလေးပါ။ သူ့ယောကျာ်းက ပစ်ပြေးတယ်။ အခုတော့ ခိုးမှုနဲ့ ထောင်ကျနေတယ်။ လော်ရာက နောက်တစ်ယောက်နဲ့ ယူမလို့ လုပ်နေတယ်။ ဒါပေမယ့် လင်မယားကွာရင် ဆယ်ဒေါ်လာ ကုန်မယ်။ သူက အကုန်မခံချင်ဘူး။ နောက်ယူမယ့် လူက အကုန်ခံသင့်တယ်လို့ ပြောနေတယ်။ ရှင့်သိပံ္ပပညာက ဒီလို အသဲနှလုံး ပြဿနာကို ဘယ်အဖြေမျိုးပေးမလဲ}}

]]လက်သုတ်ပုဝါတွေ ချထားလိုက်ဗျာ။ ငြိမ်ငြိမ်ရင်လဲနေ။ ခင်ဗျား တဖျက်ဖျက် လုပ်နေရင် ကျွန်တော် စကားပြောလို့ မရဘူး}}
ရှာလီက သေဝပ်စွာ ထိုင်လိုက်သည်။ ဝတ်ပြုသလို လက်စုံယှက်ထားသည်။ ကွိက မတ်တပ်ရပ်ပြီး သူ့ကို စိုက်ကြည့်နေသည်။

]]ခင်ဗျားကို မစ္စက်ပိန်တာရဲ့ အလုပ်ကိုယ်စားလှယ်အဖြစ်နဲ့ စကားပြောချင်တယ်။ ပါမောက္ခ နီကိုလိုဖီးယပ်က နွေဦးပေါက်ရင် အိမ်ပြောင်းတော့မယ်။ ကျွန်တော့်ကိုလည်း သူနဲ့လိုက်နေဖို့ ကမ်းလှမ်းတယ်}}
]]အော်၊ ရှင်က ငြင်းလိုက်ရောလား}}
]]မငြင်းဘူး။ ချက်ချင်း လက်ခံလိုက်တယ်}}
ရှာလီက အံ့အားသင့်သွားပြီး
]]ရှင့်ကို သူခင်အောင် ရှင်ဘယ်လိုများ လုပ်ထားလဲ။ လူတကာကို မုန်းတဲ့လူကြီးပဲ။ ကျမကို သိပ်မုန်းတာတော့ ကျမ သိတယ်}}
]]ကျွန်တော်ကလွဲရင် သူ လူတိုင်းကို မုန်းတယ်လို့ ထင်တယ်}}
]]ဆန်းလိုက်တာရှင်}} ရှာလီက ပြုမည့်သူ မရှိ၊ စုမည့်သူ မရှိ။ နေပတိုင်း ဘဲဥပြုတ်၍ စားနေကြရမည့် ပညာရှင် နှစ်ယောက်ကို စိတ်ထဲ၌ မြင်ယောင်နေသည်။

]]ဒီလူကြီးက လူတွေနဲ့ ကင်းကွာတာတော့ မှန်တယ်။ ရောက်ခါစက ကျွန်တော်နဲ့လဲ လမ်းမှာ တွေ့ရင်တောင် စကားပြောတာ မဟုတ်ဘူး။ တဖြေးဖြေးနဲ့ ကျွန်တော့်ကို ခင်လာတာပဲ}}
]]ဒါနဲ့ ရှင်က သူ့ဆီ လိုက်နေတယ် ဆိုပါတော့}}
]]မဟုတ်ပါဘူး။ ကျွန်တော့အတွက် အဆင်ပြေလို့ သဘောတူလိုက်တာ}}
]]အော်}}
]]ကျွန်တော်လခပေးနေမှာပါ။ ဒီမှာ ပေးရသလောက်ပဲ ပေးရမယ်။ ဒါပေမယ့် ပိုပြီး တိတ်ဆိတ်မယ်။ သက်တောင့်သက်သာ နေရမယ်။ လွတ်လပ်မယ်}}

ရှာလီက ကွိကို စေ့စေ့စပ်စပ်ကြည့်ရင်း ပါရဂူကလေး တကယ်မှ ပြောင်းလဲလာသေးရဲ့လားဟု သံသယဖြစ်နေမိသည်။

]]ရှင်ပြောင်းမယ်ဆိုတာ ကျမ စိတ်မကောင်းပါဘူးရှင်}}
]]ခင်ဗျား ဝမ်းသာပေးဖို့တောင် ကောင်းသေးတယ်}}
]]ဘာပြုလို့လဲ}}
]]သူက တယောက်ထဲနေဖို့ ငွေလဲ မတတ်နိုင်ဘူး။ ငွေတတ်နိုင်တောင်မှ တကိုယ်ရေနေလို့ မဖြစ်ဘူး။ နှလုံးရောဂါဆိုလားရောဂါရှိတယ်။ ခင်ဗျား သူ့ဇာတ်လမ်းသိသလား}}
]]ဘာမှ မသိပါဘူးရှင်}}
]]ကျွန်တော် အကုန်သိတယ်}}

ကွိသည် မရေမရာဖြစ်နေသည်။ မျက်မှောင်ကြုတ်ထားကာ စဉ်းစားနေသည်။ စိတ်ဂဏှာမငြိမ် ဖြစ်နေသည်။
]]ဒီမှာ၊ ကျွန်တော် ပြောင်းသွားရင် ခင်ဗျား အဒေါ်ကို ထိခိုက်မှာလား}}
အလုပ်ကိုယ်စားလှယ်မကလေးက တဟားဟားရယ်လိုက်၏။ ကွိက ကြောင်ကြည့်နေသည်။
]]ဒီအခန်းတွေကို တနာရီအတွင်း လူငှားတင်လို့ရပါတယ်။ ရှင်တို့ နှစ်နေရာစာက အမြဲလူပြည့်မနေတောင် အိမ်ငှားလုပ်ငန်းသိပ်တွင်ကျယ်နေတယ်ဆိုတာ ရှင်သိသားပဲ။ လူတွေကို ငြင်းတောင် လွှတ်နေရတာပါရှင်။ ရှင့်ဆီက ကျမ ဒေါ်လာ နှစ်ဆယ်တောင်းတဲ့ညက အဖြစ်ကို ရှင်သတိရတယ်မဟုတ်လား}}
]]အော်၊ ဒါထက် ခင်ဗျားရဲ့ အပျော်ခွေးကြီး ဘယ့်နှဲ့ နေသလဲ}}
]]ကျေးဇူးပါပဲရှင်။ တနေ့တခြား ကြီးသထက်ကြီး။ ပျော်စရာ ကောင်းသထက် ကောင်းနေပါတယ်။ ညနေတိုင်း ငါးနာရီဆိုရင် ကျွန်မတို့ လမ်းလျှောက်တယ်။ လမ်းလျှောက်တိုင်း ကျမအတွက် လူတယောက်တယောက်တော့ သူ တိုးလှဲပေးနေတာပဲ။ ပျော်စရာကြီးရှင့်။ ဒါပေမယ့် ရှင့်ကို တိုးလှဲရတာလောက် သူမပျော်ရှာဘူးနဲ့ တူပါရဲ့ရှင်}}

ကွိက မျက်နှာထားတည်တည်ဖြင့် တံခါးဝသို့ ထွက်သွားပြီး
]]ကျွန်တော် အလုပ်လုပ်ဦးမယ်။ ခင်ဗျား အဒေါ်ကို ကျွန်တော်ပြောင်းတော့မယ်ဆိုတာ ပြောပြပေးပါ။ မင်္ဂလာညပါ}}
]]မင်္ဂလာညပါ မစ္စတာကွိ}}

တံခါးပိတ်သွားသည်။ ချက်ချင်းပင် တံခါးပြန်ပွင့်လာကာ ကွိ ကိုယ်တပိုင်း ပေါ်လာသည်။
]]ဒါထက် မနေ့က ဖြစ်ပုံကလေး ခင်ဗျားစိတ်ဝင်စားမှာပဲ။ ပို့စ်ထဲမှာ ဖတ်ပီးပလား။ ကွိ နှစ်ယောက်ဆိုတဲ့ သတင်းလေ}}
]]ဟင့်အင်း၊ ရှင်နဲ့ တင်မ် ကွိ အကြောင်းလား}}

]]တင့်မ် အကြောင်းပါ။ ကျွန်တော် မပါပါဘူး။ တလောတုန်းက တင်မ် ကင်းလှည့်တဲ့ နေရာ ပြောင်းသွားတယ်။ မနေ့မနက်ကတော့ သူ့နယ်ထဲမှာ ဘဏ်ဖောက်နေတာ တွေ့ရတယ်။ ဒါနဲ့ ဝင်ဖမ်းတယ်။ မှောင်ထဲမှာ သူခိုးနဲ့ ပက်ပင်းတွေ့တာပေါ့။ တခြားရဲတွေရောက်လာပြီး မီးဖွင့်ကြည့်တော့မှ သူခိုးက သူ့ညီ မာဇီဖြစ်နေတာ တွေ့ရတယ်တဲ့}}

သို့သော် လမကုန်မီမှာပင် မစ္စက်ပိန်တာ၏ ညစာဝိုင်းများသို့ ရှာလီဝေလင် ရောက်လာသည်။ ဆောင်းကာလ တလျှောက်လုံးပင် တလတကြိမ် နှစ်ကြိမ်ဆိုသလို ရောက်လာလေ့ရှိသည်။
]]အဆင့်ဆင့် ပြောင်းလဲ တိုးတက်မှု ပညာရှင်က လူမှုရေးအဖွဲ့အစည်းကလေးတွေ၊ နိုင်ငံတွေ၊ လူမျိုးတွေ၊ ဆိုတာတွေကို သုံးသပ်တာ။ ခင်ဗျားတို့ သမ္မာကျမ်းက ငဖြူ၊ ငနီ၊ ငကြောင် ငကျားတွေနဲ့ ဆက်ဆံတာပဲ။ တခြားစီပါ}}

No comments: