Wednesday, December 2, 2009

အခန်း (၁၈)

(၁၈)

ဘလိန်းကောလိပ်၏ ခရီးလမ်းသည် မဖြောင့်ဖြူး။ ဥက္ကဌဝက်စ်၏ ထြွကနိုးကြားသော စိတ်ဓာတ်ကို ပွန်းပဲ့စေသည့် အနှောင့်အယှက်များ တဆောင်းလုံးပေါ်နေခဲ့သည်။

ကောလိပ်က စိတ်ပျက်စရာနှင့်ဖွင့်သည်။ ကျောင်းသား တိုးလာသည်။ သို့သော် တိုးလာသည့် အရေအတွက်မှာ ၉ ယောက်ထဲသာ။ ဝက်စ်က ကျောင်းသား ၅၀ တိုးမည်ဟုမှန်းသည်။ ကျောင်းသားဦးရေ စုစုပေါင်း ၁၆၇ ဦး စာရင်းကို အောက်တိုဘာ အစည်းအဝေးတွင် တင်ပြသောအခါ ဂေါပကအဖွဲ့က တပတ်ရိုက်ခံရသလို သဘောထားသည်။ ကြော်ငြာအတွက် ငွေကုန်ကြေးကျများသည်။ ဥက္ကဌအလုပ်လုပ်ချိန် နှောင်းသည် စသဖြင့် အပြစ်တင်ကြသည်။

]]ကုန်ကျစရိတ် ဆယ်ရာခိုင်နှုန်းတက်ပြီး ကျောင်းသားအသစ် ၉ ယောက်ထဲတိုးတယ်}} ဂေါပက တဦးက တုံးတိ အပြစ်တင်သည်။

ထိုပုဂ္ဂိုလ်မှာ ဂျိမ်းစ်အီးဝင်းတားဆိုသူဖြစ်သည်။ မြို့တော်၏ ကိုယ်စားလှယ်ဖြစ်သည်။ ကောလိပ်အတွက် မြို့တော်က နှစ်စဉ် ဒေါ်လာ ခုနှစ်သောင်း ငါးထောင် ထောက်ပံ့ရ၍ ကောလိပ်ဂေါပကအဖွဲ့သို့ အဖွဲ့ဝင်သုံးဦး ကိုယ်စားလှယ် လွှတ်ခွင့်ရှိသည်။

ဝင်းတား၏ မိတ်ဆွေကြီး မစ္စတာဖိုင်းရှိသေးသည်။ မစ္စတာဖိုင်းသည် ကောလိပ်အတွက် ဒေါ်လာငါးသောင်း လှူခဲ့သည်။ ထိုငွေကို ရန်ပုံငွေ ဖွင့်ထားသည်။

ဝက်စ်ကို ဥက္ကဌရွေးရာ၌ ဂေါပကအဖွဲ့က တညီတညွတ်တည်း မဆုံးဖြတ်နိုင်ခဲ့။ ခုနှစ်မဲ ငါးမဲနှင့် ရွေးခဲ့ရသည်။ ထိုအကွဲသည် သက်စိုး ရှည်နေလေသည်။ ပို၍ပင် နက်ရှိုင်းလာသေး၏။ ဝက်စ်တင်ပြလာသည့် ထောက်ခံအကြံပေးချက်မှန်သမျှကို စဉ်းစားရာ၌ ခုနှစ်မဲ ငါးမဲ ကွဲမြဲ ကွဲနေပြန်၏။
ဝက်စ်၏ စွမ်းအင်နှင့် စိတ်ဓာတ်ကား ကြီးမားခိုင်မြဲလျှက်ပင်ရှိသည်။ အချို့ကိစ္စတွင် အလားအလာ မကောင်းသော်လည်း ကောလိပ်လုပ်ငန်းသည် လူမှုမြှင့်တင်ရေးလုပ်ငန်း၏ တကယ့်လက်နက်ကရိယာဖြစ်သည်ဟု သူခံယူမြဲ ခံယူသည်။

မဟာဌာနများ၏ ဆရာစာရင်းကို စစ်ဆေးသည်။ ကျေနပ်စရာမတွေ့။ ပါရဂူဘွဲ့ရသူ သုံးဦးသာ ပါဝင်သည်။ ဆရာတို့၏ ပျမ်းမျှ ပညာရည်သည် အလယ်အလတ်အဆင့်ထက်ပင် နိမ့်ကျနေသည်။ အပေါစားကောလိပ်အတွက် အပေါစားဆရာများသာ ဖြစ်နေလေသည်။ ဤဆရာအဖွဲ့မျိုဖြင့်ဆိုလျှင် ဘလိန်းကောလိပ်ကို ထူးချွန်ပြောင်မြောက်သော အဆင့်အတန်းသို့ မပင့်တင်နိုင်။

ဝက်စ်၏အကြံမှာ ပညာရည်ညံ့သောဆရာများကို တသုတ်စီ ဖြုတ်ပစ်ပြီး ပညာရည်ချွန်သူများဖြင့် အစားထိုးသွားရန်ဖြစ်သည်။ သို့သော် အဟန့်အတားကြီးက ရှိနေပြန်၏။ ပထမတန်းစားပညာရှင်များက ပထမတန်းစား လစာရိက္ခာကိုတောင်းကြသည်။ ဘလိန်းကောလိပ်၏ လက်ရှိအခြေအနေက ထိုလစာရိက္ခာမျိုးကို ပေးနိုင်စွမ်း မရှိ။

ပထမဆုံး ဆရာများနှင့် တွေ့ဆုံပွဲတွင်ပင် ဝက်စ် လက်မခံနိုင်သူ ဆရာတစ်ဦးပေါ်လာ၏။ တနှစ် ဒေါ်လာတထောင်ပေးထားရသည့် သင်္ချာလက်ထောက်ပါမောက္ခ ဟတ်ကလေယန်း ဆိုသူဖြစ်သည်။ သူ့အပြုအမူ အပြောအဆိုက ပညာရှင်နှင့် မတူဟု ဝက်စ်ထင်သည်။ သူ့ကို ရာထူးနှင့် မတန်သူဟု ဝက်စ်က ဆုံးဖြတ်လိုက်သည်။ ဒီဇင်ဘာလလယ်တွင် လက်ထောက်ပါမောက္ခ ယန်းထံ အကြောင်းကြားစာ ပို့လိုက်သည်။ ခရစ်စမတ်ကျောင်းပိတ်ရက်အပြီးတွင် ဖြုတ်ပစ်တော့မည်။

လက်ထောက်ပါမောက္ခက လူကြီးလူကောင်းလို အသာခေါင်းလျှိုပြီး ထွက်မသွား။ ဘလိန်းကောလိပ်နှင့် ဥက္ကဌ ဝက်စ်ကို တရားစွဲသည်။ တနှစ်အတွက် လစာအပြည့် လျော်ကြေးတောင်းသည်။ သူ့တွင် ကလေးခြောက်ယောက်ရှိပါသည်။ ဤအလုပ်ပေါ်တွင် မှီခို စားသောက်နေရပါသည်ဟု ရုံးတော်တွင် လျှောက်သည်။

ယန်းသည် ကောလိပ်တွင် ကျောင်းသားနှင့်လည်း မတည့်။ လုပ်ဖော်ကိုင်ဖက်ချင်းနှင့်လည်း မသင့်သူဖြစ်သည်။ သို့သော် ဂေါပကအဖွဲ့တွင် ဝင်းတားအုပ်စုက ပါမောက္ခယန်းခမျာ ပတ်ကြမ်းတိုက်ခံရရှာသည်ဟု ယူဆသည်။ လူထု အကျိုးစီးပွား ပြဿနာမဟုတ်၊ လူတန်းစား တခု၏ အကျိုးစီးပွား ပြဿနာဟု သူတို့က အကဲဖြတ်သည်။

အဖိနှိပ်ခံများနှင့်လူထုကြီးဘက်က ရပ်တည်သည်ဟုြွေကးကြော်သော ခရော်နီကယ် ညနေသတင်းစာက ပါမောက္ခယန်း၏ ကြေညာချက်ကို ဖော်ပြကာ သတင်းကို ပုံကြီးချဲ့ ရေးသည်။ ]]လက်သီးပုန်း ကောလိပ်}} ခေါင်းစဉ်ဖြင့် ခေါင်းကြီးရေးကာ ဝေဖန်တိုက်ခိုက်သည်။

ကောလိပ်၏ ဥပဒေအတိုင်ပင်ခံများက ပူညံ ပူညံလုပ်နေသော ပါမောက္ခလေးအား လျော်ကြေး ဒေါ်လာသုံးရာပေး၍ အမှုကျေအေးရန် အကြံပေးသောအခါ ဝင်းတားက ဗြောင်ဝေဖန်တော့သည်။ ဆရာအပြောင်းအလဲများကို ဂေါပက အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မလုပ်ရန် ဥက္ကဌအား ချုပ်ချယ်သည့် အဆိုတင်သွင်းသည်။ သို့သော် ခုနှစ်မဲ ငါးမဲဖြင့်ပင် ရှုံးသွား၏။

မစ္စတာဖိုင်းက ]]ဥက္ကဌ ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်မှု မရှိရင်လဲ ခင်ဗျားတို့ ယုံကြည်မှုရှိတဲ့ ဥက္ကဌအသစ် ရှာပေါ့ဗျာ}} ဟု ဒေါသတကြီးပြောသည်။

]]အဲဒါ ကျွန်တော်တို့ ပြောနေတာပေါ့}} ဂျိမ်းစ်အီးဝင်းတားက ခွန်းတုံ့ပြန်သည်။

ဝက်စ်သည် ဆရာအဖွဲ့ နောက်ထပ် အပြောင်းအလဲများကို ရှေ့နှစ်အထိ ရွှေ့ဆိုင်းထားလိုက်လေသည်။ ကောလိပ်ငွေရေး ကြေးရေး အခြေခိုင်ရန်၊ ပိုလျှံနေသော သူ့ကိုယ်စွမ်း ဥာဏ်စွမ်းများကို ဇောက်ချအသုံးချရန် ဆုံးဖြတ်သည်။ သို့သော် ထိုလုပ်ငန်းတွင်လည်း ဂေါပကအဖွဲ့ထဲမှ တယ်တို့၏ တံတိုင်းထူထူကြီးနှင့် ဝင်တိုးမိပြန်သည်။

ဝက်စ်သည် အသက်အရွယ် နုသေးသော်လည်း မြို့တော်တွင် အပြောကောင်း၊ အဟောကောင်းအဖြစ် လူသိများသည်။ သူ့ဟောပြောချက်ကို ပွဲတောင်းသည့် ဖိတ်စာများ တဖွဲဖွဲ ရောက်လာသည်။ ဒီဇင်ဘာလတွင် တိုးတက်ရေး ဘုတ်အဖွဲ့များ အဖွဲ့ချုပ်တွင် သူစကားပြောရသည်။ ချီးမွမ်းထောပနာ ပြုခံရသည်။ နောက်တစ်လတွင် ထင်ရှားသော အမေရိကန် အထက်တန်းပညာရေး မြှင့်တင်မှုအသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးတွင် သူ စကားပြောခွင့်ရ၏။ သူနှင့်အတူ စကားပြော စင်မြင့်ပေါ်၌ထိုင်သည့် အမေရိကန် ငွေကြေးလုပ်ငန်းရှင်ကြီး တဦးက ဘလိန်းကောလိပ်အကြောင်းကို မေးခွန်းပေါင်း များစွာ ထုတ်သည်။ ဥက္ကဌဝက်စ်သည်ြွကြွကရွရွ စိတ်ဓာတ်ဖြင့်ပြန်လာသည်။ သို့သော် ဂေါပကအဖွဲ့က ရင်ဝ ဆီးကန်သလို လုပ်လေသည်။

ဂျန်နဝါရီလ ဂေါပက အစည်းအဝေးတွင် ဝင်းတားက
]]ဥက္ကဌကြီး ဒီလို ဧည့်ခံပွဲတွေ တက်နေတာ အဓိပ္ပာယ်ရှိရင် ဘာအဓိပ္ပာယ်လဲလို့ မေးချင်တယ်}} ဟု မေးခွန်းထုတ်သည်။
ဝက်စ်က အပြုံးမပျက်။ ဝင်းတားသည် ရန်စွယ်ငေါငေါ အဖွားအိုကြီးပမာ မဖွယ်မရာ နိုင်လွန်းသည်ဟု သူထင်သည်။

]]အဓိပ္ပာယ်ကတော့ ရန်ပုံငွေ ရရေးပါပဲ။ လက်ရှိအခြေအနေနဲ့ဆိုရင် ခေတ်မီကောလိပ်ကြီးတွေနဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘလိန်းကောလိပ်ကို စေတနာရှင်ကြီးတွေ မျက်မှန်းတန်းမိအောင် လုပ်တာပါ}}

]]အဓိပ္ပာယ်မရှိပါဘူး ခင်ဗျာ}} ဝင်းတားက သူ၏ ကန်ထရိုက်တာ လက်သီးကြီးကို စားပွဲပေါ်တွင် ဒိုင်းကနဲ ထုလိုက်ပြီး ကျားလို ဟိန်းလိုက်သည်။ ]]ဒါတွေဟာ ဘလိန်းကောလိပ်ရဲ့ အစဉ်အလာနဲ့ ဆန့်ကျင်ပါတယ်။ ဘလိန်းကောလိပ်ဟာ အလှူခံစားနေတာ မဟုတ်ပါဘူး။ ယန်ကီးကောလိပ်တွေလို သူတောင်းစား ကောလိပ်မဟုတ်ပါဘူး။ ရော့ကဲဖဲလာ လို သဌေးတွေ ဆီမှာ ဘလိန်းကောလိပ် ဥက္ကဌက လက်ဝါးဖြန့်တောင်းနေတာ သိက္ခာကျပါတယ်}}

ရော့ကဲဖဲလာ ဂျွန်ဒေဗီဆန် (၁၈၃၉-၁၉၃၇) ။ ။ အမေရိကန် ရေနံသဌေးကြီး။ ၁၈၆၅ ခုနှစ်တွင် ရေနံချက်စက်ရုံကြီး ထူထောင်ပြီး စဘင်းဒတ် ရေနံကုမ္ပဏီဖွဲ့သည်။ သူ့အလှူငွေဖြင့် ချီကာဂို တက္ကသိုလ်များသို့ ဒေါ်လာသန်း ၅၀ဝ ကျော် လှူခဲ့သည်။

အပံ့ပိုးခံ ပညာရေးအကြောင်းကို ထပ်တလဲလဲ ဆွေးနွေးကြသည်။ ဝင်းတားက အဆိုတင်ရန် အသင့်ပြင်ထားခြင်းမရှိ၍ အဆိုမတင်သော်လည်း အများစုဆန္ဒမှာ ဘလိန်းကောလိပ် (၁၈၉၄ ခုနှစ်တွင် တည်ထောင်သည်) ကို ငွေရေး ကြေးရေး ကင်းကင်းရှင်းရှင်းပင် နေစေလိုသည်။

ဝက်စ်သည် ဂေါပကအဖွဲ့ကို အော့နှလုံးနာသွားသည်။ သို့သော် စိတ်ကောင်း သဘောကောင်း အရှိဆုံး လူတဦးဖြစ်၍ သူ မကျေမချမ်း ဖြစ်သမျှ မကြာမီ ကွယ်ပျောက်သွား၏။

ရန်ပုံငွေရရှိရန် အခြား မြို့ကြီးပြကြီးများသို့ သူမချဉ်းကပ်တော့သော်လည်း ကိုယ့်မြို့တော်တွင်မူ သူကြိုးစားမြဲ ကြိုးစားသည်။ သို့သော် ရန်ပုံငွေ တိုးမလာ။

ကောလိပ်ဥက္ကဌကြီး၏ ဩဇာတိက္ကမသည် မြို့ပေါ်၌ ကြီးမားတိုးတက်နေ၍ ဝက်စ်အဖို့ ကျေနပ်စရာဖြစ်သည်။ သူ့ပညာရေးအယူအဆများသည် မြို့တော်တွင် ゞင်း၊ တပြည်လုံးတွင် ゞင်းလူရာမဝင်ခဲ့သော်လည်း ပို့စ်သတင်းစာက ဝက်စ်နှင့် တွေ့ဆုံ မေးမြန်းပြီး ထိုအယူအဆများကို အကျယ်တဝင့် ဖော်ပြခဲ့သည်။

ကျေနပ်စရာအကောင်းဆုံးမှာ သူနှင့်ကျောင်းသားများ၏ ဆက်ဆံရေးဖြစ်၏။ ကျောင်းသားများက သူ့ကို မြတ်နိုး ကိုးကွယ်ကြသည်။ သူလမ်းလျှောက်ပုံ၊ သူအင်္ကျီဝတ်ပုံ၊ သူခေါင်းဖီးပုံက အစ ကျောင်းသားများက အတုယူကြသည်။ ကျောင်းသားများကို သူ ညစာ ဖိတ်ကျွေးသည်။ အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း ကျောင်းသားများအား ဘလိန်းကောလိပ်၏ ရည်မှန်းချက်များကို ရှင်းပြသည်။ ထိုရှင်းပွဲများမှာ မတက်မနေရ မဟုတ်သော်လည်း အမြဲ အခန်းလျှံသည်။ ဩဘာသံညံသည်။ ဘောလုံးပွဲများတွင် သူ့ကို ကျောင်းသားထုက တခဲနက်ဩဘာပေးကြ၍ မစ္စအေဗာရီနှင့် မစ္စဝေလင်ကိုပင် တလှည့်စီတွဲ၍ ပွဲထုတ်မိသေးသည်။

ယင်းသို့ အစစအရာရာ အဆင်ပြေနေချိန်တွင် ပြဿနာကောက်ရိုးစ ကလေးတစ လေထဲ လွင့်လာသည်။ မကြာမီ ကောက်လှိုင်းစည်းကြီးဖြစ်လာသည်။ ထို့နောက် ကောက်ရိုးပုံကြီးဖြစ်လာသည်။ ဧပြီလ မကုန်တတ်သေး။ ဘလိန်းကောလိပ် ပွက်လောရိုက်နေလေတော့၏။

ဤဖြစ်ရပ်မျိုးသည် သမိုင်းတွင် အနမတက္ကရှိသည်။ အဦးအစတွင် အသေးအဖွဲဖြစ်သည်။ လိုရာဆွဲကြသည်။ ဆိတ်ကိုဆင် ဖြစ်အောင်လုပ်ကြသည်။ နောက်ဆုံးတွင် နိုင်ငံအချင်းချင်း လက်နက်စွဲကာ တဦးလည်ပင်း တဦး လှီးကြတော့သည်။

ဘလိန်းကောလိပ်ကျောင်းသားကြီးနှစ်ဦးက ကျောင်းသားသစ်ကလေးတဦးကို သူတို့အခန်းသို့ခေါ်ပြီး ဝက်ဆီနှင့် သံလွင်ဆီရောတိုက်သည်။ ကျောင်းသားသစ်ကလေးခမျာ အစာအိမ် မကောင်းရသည့် အထဲ ထိုဆီဦးထောပတ်များကို ကင်းမြီးတောက် ထောင်၍ သောက်မျိုရရှာသဖြင့် အသည်းအသန်ဝေဒနာခံစားရရှာသည်။ သို့ဖြင့် မိဘများသိ၊ ကောလိပ်အာဏာပိုင်များနားပေါက်ကြား ဖြစ်ကုန်သည်။

ကျောင်းသားသစ်ကလေးက တရားခံများကို မဖော်ထုတ်သော်လည်း ကြံရာပါတဦးကို အာဏာပိုင်များက စုံစမ်းသိရှိရ၍ ဝက်စ်ထံသို့ ပို့သည်။ ထိုကျောင်းသားက ကြံရာပါမိပါသည်ဟု ဝန်ခံသော်လည်း တစ်တရားခံမှာ သူမဟုတ်ဟု ငြင်းသည်။ တစ်တရားခံကို အမည်ဖော်သည်။

တစ်တရားခံဆိုသူကို ဝက်စ်ခေါ်မေးပြန်သည်။ သူက ဝန်မခံ၊ တရားခံဖော်ထုတ်ရန်လည်း ငြင်းသည်။
ဝက်စ်ထံသို့ စာများရောက်လာသည်။ တယ်လီဖုန်းများ ခေါ်သည်။ ထိုသို့ မတရားညှဉ်းပန်းမှု၏ တစ်တရားခံကို ပြင်းပြင်းထန်ထန် အရေးယူရန် တိုက်တွန်းကြသည်။ ပို့စ်သတင်းစာကလည်း မည်သည့် အကျိုးဆက်များ ပေါ်နိုင်သည်ဖြစ်စေ၊ စည်ကမ်းကို တင်းတင်းကြပ်ကြပ်
ကိုင်သင့်ကြောင်း တိုက်တွန်းရေးသား၏။ ပို့စ်ခေါင်းကြီးမှာ ဗိုလ်မှူးကြီး၏ အကောင်းဆုံးရေးဟန်ဖြင့် ရေးထားသော်လည်း ကွိ၏ လက်ရာ ဖြစ်လေသည်။

ဝက်စ်သည် အမြန်ဆုံးနှင့် အပြတ်သားဆုံး အရေးယူရတော့မည်။ ထိုနေ့က မည်သူ့ကိုမျှ အတွေ့မခံဘဲ အခန်းတံခါးပိတ်ကာ တရားမျှတ၍ မှန်ကန်သော ဆုံးဖြတ်ချက်ကိုချရန် စဉ်းစားသည်။ စာရေးသူက ရေး၊ တယ်လီဖုန်းနှင့် ပြောသူကပြော၍ အကြံပေးကြသည့် အချက်များကို သူသုံးသပ်သည်။

ဂေါပကအဖွဲ့က မှာကြားထားသည့် စောင့်ထိန်းအပ်သော ဘလိန်းကောလိပ် အစဉ်အလာကောင်းများနှင့် ပို့စ်သတင်းစာရေးသားချက်များကလည်း တသဘောတည်း ဖြစ်နေသည်။ တရားလွန် နောက်ပြောင်းမှုကို မည်သည့်နည်းနှင့်မျှ လက်ပိုက် ကြည့်မနေနိုင်။ တယောက်ယောက်တော့ ခေါင်းဖြတ်ရတော့မည်။

မူလက ပြင်းပြင်းထန်ထန် အရေးယူရန် ဝက်စ် စိတ်ကူးမထည့်ခဲ့။ သို့သော် မြို့လူထုက အပြင်းထန်ဆုံး အရေးယူလိမ့်မည်ဟု မြှော်လင့်နေသည်။ အများ ဆန္ဒက မတွန့်တမ်း မဆုတ်တမ်း ပြတ်ပြတ်သားသား အရေးယူစတမ်းြွေကးကြော်နေသည်။ ထို့ကြောင့် တာဝန်ရောက်လာလျှင် ဖြစ်ချင်ရာဖြစ် သူပြတ်သားကြောင်း ပြရတော့မည်။

ဝက်စ်သည် ကြံရာပါမိပါသည်ဟု ဝန်ခံသည့် ကျောင်းသားကို ပြင်းထန်စွာ သတိပေးပြီး တရားခံဖော်ထုတ်ရန် ငြင်းဆိုသည့် ကျောင်းသားကို ကျောင်းထုတ်ပစ်လိုက်လေ၏။

ထိုအမိန့်များသည် မွန်းတည့်ချိန်မှ စ၍ အာဏာတည်သည်။ ညနေ ၄ နာရီတွင် တိုက်ပွဲစတော့၏။ အီဗနင်းခရော်နီကယ် သတင်းစာ ညနေ ၄ နာရီတွင် စက်ပေါ်မှ ပူပူနွေးနွေးထွက်လာသည်။ ကျောင်းထုတ်ခံရသည့်ကျောင်းသားသည် ရေပိုက်ဆက် အလုပ်သမားတဦး၏သား ဖြစ်သည်။ ထိုရေပိုက်ဆက် အလုပ်သမားသည် သာမန်အလုပ်သမားမဟုတ်။ သူ့ရပ်ကွက်တွင် လူသိများသူ။ နိုင်ငံရေးလှုပ်ရှားသူဖြစ်သည်။ အီးဗနင်း ခရော်နီကယ် သတင်းစာက ထိုသတင်းကို သုံးကော်လံခေါင်းတပ်၍ ဖော်ပြသည်။

မျက်နှာမွဲ ကျောင်းသားလေး
ဥက္ကဌကြီး ဝက်စ်၏ ကန်ထုတ်ခံရ

သတင်းနှင့်အတူတွဲ၍ ကာတွန်းတပုံလည်း ဖော်ပြလိုက်သေးသည်။ ကာတွန်းတွင် အထက်တန်းလွှာပုံစံ ဝတ်စားဆင်ယင်ထားသည့် ဥက္ကဌ ဝက်စ်က ကျောင်းသားကလေးတဦးကို တံခါးပေါက်မှ ကန်ထုတ်နေပုံဖြစ်သည်။ ကျောင်းသားကလေး၏ လည်ပင်းတွင် ]အလုပ်သမားသား} ဆိုသည့် စာတန်းကလေး ဆွဲပေးထားသည်။ ကာတွန်းအောက်တွင် ]သူ့ဝါဒ} ဆိုသော စာတကြောင်းလည်း ထည့်ထားသေးသည်။ စာမျက်နှာ ၄ တွင် ]ပိုးသား ခြေစွပ်ထဲမှ တရားမျှတမှု} ခေါင်းစဉ်ဖြင့် ခေါင်းကြီးရေးလေသည်။

ဤအထိမှာ နိဒါန်းပျိုးရုံသာ ရှိသေးသည်။ နောက်တနေ့ထုတ် ပို့စ်သတင်းစာတွင် ကောလိပ်အရေးအခင်းနှင့် ပတ်သက်၍ တလုံးတပါဒမျှ မပါ။ သီးထပ်သီးညှပ်အကြောင်းနှင့် လွှတ်တော် ရွေးကောက်ပွဲ အကြောင်းကိုသာ ဝေဖန်ဆွေးနွေးသည်။

ထိုနေ့နံနက် ကျောင်းသား စုဝေးပွဲသို့ သူ ဝင်သွားသောအခါ စူးစူးဝါးဝါး အော်ဟစ်ဆူပူသံများကို ကြားရသည်။ ဆူပူအော်ဟစ်သူများမှာ လူနည်းစု ဖြစ်သော်လည်း အမှုမထား၍ မဖြစ်လောက်အောင် ကျယ်လောင်သည်။ ညနေ ၄ နာရီ ခရော်နီကယ် သတင်းစာထွက်လာသောအခါ ကျောင်းသားထုက ကောလိပ် ဥက္ကဌ ဝက်စ်ကို သရော်ကြောင်း၊ လှောင်ကြောင်း၊ စာလုံးမဲကြီးဖြင့် ခေါင်းတပ်လျက် သတင်းဖော်ပြသည်။ ခေါင်းကြီးပိုင်းကလည်း မြို့လူထုထောက်ပံ့ထားသည့် ကောလိပ်တွင် ဤသို့ ကသောင်းကနင်း ဖြစ်နေသည်ကို ဥပေက္ခာ ရှုထားမည်လောဟု ပယ်ပယ်နယ်နယ် ဝေဖန်ရေသားလိုက်သည်။

ညပိုင်း ကလပ်သို့ရောက်သောအခါ သူ့မိတ်ဆွေအားလုံးက ဤပြဿနာကို အချီအချ ဆွေးနွေးကြသည်။ အားလုံးက သူမှားသည်ဟု ယူဆကြ၏။ ကျောင်းထုတ်စား ထုတ်လျှင် တရားခံ ဖော်သူရော မဖော်သူပါ ထုတ်သင့်သည်။ အကောင်းဆုံးမှာ လုံးဝ ကျောင်းမထုတ်ခြင်း ဖြစ်သည်ဟု ထင်မြင်ချက်ပေးကြလေသည်။

တညလုံး သူ အိပ်မပျော်။ ကျောင်းထုတ်ပစ်တာ မှန်ရဲ့လား။ ဆန္ဒစွဲဖြင့် ကျောင်းထုတ်ပစ်မိသလား။ သူသည် တွေးတော့ တမျိုး၊ လုပ်တော့ တမျိုး လူစားလား။ သံသယများသည် သူ့အား အိပ်ရာထဲ၌ တလူးလူး တလွန့်လွန့် ဖြစ်စေသည်။

နောက်တနေ့တွင် ဆုံးဖြတ်ချက် အသစ်ဖြင့် သူ အိပ်ရာမှ ထသည်။ ကျောင်းထုတ်ထားသူကို ပြန်လည် လက်ခံမည်။ လူသိရှင်ကြား ဖြစ်ရသည်နှင့်ပင် ထိုကျောင်းသားအဖို့ နောင်ကြဉ်လောက်ပြီ။ အခြားအလားတူ ကျောင်းသားများလည်း သတိတရားရလောက်ပြီ။ ဤဖြေရှင်းနည်းသည် လွယ်လွန်းရှင်းလွန်း၍ စောစောက မစဉ်းစားမိခဲ့သည်ကိုပင် အံ့ဩနေမိသေး၏။

အချိန်မသင့်စေတော့ဘဲ ကျောင်းထုတ်ခံ ကျောင်းသား၏ ဖခင်ထံ လူလွှတ်၍ အကြောင်းကြားစာပို့သည်။ ကျောင်းသား၏ဖခင်က စာကို ထက်ပိုင်းဆုတ်ပြီး ထိုစာပို့သူနှင့်ပင် ဝက်စ်ထံပြန်ပေးလိုက်သည်။ ထို့နောက် သူလုပ်ပုံကို ခရော်နီကယ်သတင်းစာသို့ သတင်းပို့သည်။

ခရော်နီကယ်က အထုတ်ခံကျောင်းသားဖခင်၏ ပြောကြားချက်ကို ငါးကော်လံခေါင်းဖြင့် ဖော်ပြသည်။ ကျောင်းသားဖခင်က သူ့သားကို ကျောက်ခဲထု စားချင်စားရပါစေ။ လက်ရှိ အုပ်ချုပ်မှုအောက်မှ ဘလိန်းကောလိပ်တွင်မူ ကျောင်းမထားလိုပါဟု တောက်တောက်ခါးခါး ပြောကြားလိုက်သည်။

သတင်းစာ ခေါင်းကြီးပိုင်းကလည်း ဝက်စ်၏ စာသည် ယောကျာ်းပီသစွာ ပြန်လည်ရုပ်သိမ်းခြင်း၊ ဝန်ခံခြင်း တည်းဟူသော သိက္ခာကိုမျှ ထိန်းရကောင်းမှန်း မသိသောအမှား ဝန်ခံချက်ဖြစ်ကြောင်းဖြင့် ရေးသားပြီး ]]ဝက်စ် နှပ်ပစ်ခံရခြင်း}} ဟူ၍ ခေါင်းစဉ်တပ်လိုက်သည်။

ခရော်နီကယ်၏ ဦးဆောင်မှုကို ခံယူသော ပြည်နယ်သတင်းစာ အများအပြားကလည်း သံယောင်လိုက်၍ ရေးကြသည်။ ရီပတ်ဘလစ်ကန် ပါတီဝင်များကလည်း အမြတ်ဝင်ထုတ်ကြသည်။ တဖြည်းဖြည်းနှင့် အရေးအခင်းကြီး တရပ်ဖြစ်လာသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် ပို့စ်သတင်းစာသို့ ဝက်စ် ရောက်သွားသည်။ ဗိုလ်မှူးကြီးကောင်း မကျန်းမမာဖြစ်နေ၍ ကွိက ခေတ္တအယ်ဒီတာလုပ်ပြီး ခေါင်းကြီးများကို တာဝန်ယူရေးနေသည်။

]]ခင်ဗျားသတင်းစာကို ကျွန်တော်နေ့တိုင်း ဖတ်နေပါတယ်}} ဝက်စ်က ပြောသည်။ ]]မြှောက်ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားလုပ်တာ ကိုင်တာ ကျွန်တော် အံ့တောင် အံ့ဩတယ်။ ပို့စ်သတင်းစာရဲ့ အစဉ်အလာကို အဟုတ် ထိန်းနိုင်ပါပေတယ်။ ခင်ဗျား အသက်အရွယ်နဲ့ဆိုရင် တကယ့် စွမ်းဆောင်ချက် တခုပါဗျာ}}

ကွိသည် ချီးကျူးစကားကြောင့် ကျေနပ်သွားသော်လည်း ချက်ချင်း စကားလမ်းကြောင်း ပြောင်းပစ်လိုက်သည်။ ဝက်စ်လုပ်ငန်းကိုင်ငန်း ဖြောင့်ဖြူး လိမ့်မည်ဟု မြှော်လင့်ကြောင်း အလ္လာပ သလ္လာပ ပြောသည်။
ဝက်စ်က စိတ်ရ လက်ရ ရယ်လိုက်ပြီး
]]မဖြောင့်ပါဘူးဗျာ။ ခင်ဗျားတို့ မိတ်ဆွေကြီး ညနေ သတင်းစာက ကျွန်တော့်ကို ဝိုင်းတွယ်နေတာ ခင်ဗျားလဲ တွေ့နေသားပဲ။ ဒါထက် ပို့စ်ကလဲ ဘာမှ မရေးပါလားဗျ}} ဟု စိတ်ကောင်း သဘောကောင်းနှင့် မေးသည်။

]]ဟုတ်ကဲ့ မရေးဘူး}} ကွိက တလုံးချင်းပြောသည်။ ခဏတုံ့ဆိုင်းနေပြီးမှ ]]ခင်ဗျား စိတ်ကြိုက်တွေ့အောင်လဲ ကျွန်တော်မရေးနိုင်ဘူး။ ဒါကြောင့် ဘာမှ မရေးဘဲ နေတာ}}
ဝက်စ်က လန့်ဖျပ်သွားသလို လက်နှစ်ဖက်ကို မြှောက်ကာ ]]လာပြန်ပြီ တယောက်။ ချကြပါဗျာ။ ကျွန်တော့်မှာ မိတ်ဆွေကို မရှိတော့ဘူး}} ဟု ညည်းသည်။

ကွိက ပြုံးနေလိုက်သည်။
]]ကျွန်တော်လဲဗျာ၊ ခင်ဗျားတို့ သတင်းစာက အဲဒီနေ့က ကြုံးဝါးတဲ့အတိုင်း မတတ်တတတ်နဲ့ လိုက်လုပ်မိတာပါ}}
]]ကျွန်တော်လဲ စိတ်မကောင်းပါဘူးဗျာ}} ကွိက ပြောသည်။
]]ဒီလောက်အထိလဲ ဖြစ်လာလိမ့်မယ် မထင်ခဲ့ဘူး။ ကျွန်တော်ကလဲ ကိုယ့်နယ်သတင်းကို အသားပေးရေးရမယ်ဆိုတဲ့ ဗိုလ်မှူးကြီးရဲ့ ဩဝါဒအတိုင်း လုပ်လိုက်တာပဲ}}

ဝက်စ်က ရယ်ရယ်မောမောနှင့် ပြန်ရန် ထလိုက်ပြီးမှ
]]ဗိုလ်မှူးကြီး မရှိတော့ ခင်ဗျားလဲ အလုပ်အတော်ပိမှာပဲ။ ခေါင်းကြီးတွေ တနေ့ သုံးကော်လံ ရေးနေရတာ ခင်ဗျား ဘယ်လိုများ နိုင်အောင် လုပ်နေသလဲ}}
]]မနက် ရှစ်နာရီကတည်းက စလုပ်တာပဲ}}
]]ဘယ်အချိန်မှ ပြန်ရသလဲ}}
]]သတင်းစာ စက်ပေါ် တင်ပီးမှပဲပေါ့ဗျာ}}
]]ဒီအတိုင်းဆို ခင်ဗျား လဲလိမ့်မယ်ဗျို့။ ကျွန်တော် ကူမယ်လေ။ ခု ရေးပေးမယ်လေဗျာ}}

ဝက်စ်၏ ဆောင်းပါးများကို ဗိုလ်မှူးကြီးကောင်း ကိုယ်တိုင် လိုလိုလားလား လက်ခံလေ့ရှိသည်ကို ကွိ အမှတ်ရကာ
]]ဝမ်းသာပါတယ်။ ရေးပေါ့}} ဟု ဖိတ်ခေါ်လိုက်သည်။
ဝက်စ်သည် ခဏစဉ်းစားပြီး နာရီဝက်ခန့် ဆောင်းပါး ထိုင်ရေးသည်။

]]အဲဒီမှာ ကောလိပ်အကြောင်း ဖြည့်စာကလေးပေါ့ဗျာ။ ကျွန်တော် ချိန်းထားတာရှိနေလို့ သွားလိုက်ဦးမယ်။ နက်ဖြန်လဲလာခဲ့ဦးမယ်။ ကိစ္စရှိရင်လဲ ညကျ တယ်လီဖုန်းဆက်ပေါ့ဗျာ။ ကူညီခွင့်ရတာ ကျေးဇူးပါပဲ}}

ကွိက သူ့ဆောင်းပါးကို ဂရုတစိုက် ဖတ်ကြည့်သည်။ ကောလိပ်အရေးအခင်းကို ပိုင်ပိုင်နိုင်နိုင် ကာကွယ် ရေးသားထား၏။

ကွိသည် အတော်ကြာကြာ အတွေးနယ်ချဲ့နေသည်။ သူသည် ယခင်ကကဲ့သို့ အရာရာ ငါသိ ငါတတ် မဟုတ်တော့။ ဝက်စ်၏ အာဘော်သည် ခိုင်လုံ၏။ ထို့ပြင် ဝက်စ်သည် ပို့စ်သတင်းစာ၏ ပိုင်ရှင်တစ်ဦး၊ ဒါရိုက်တာ တဦးလည်းဖြစ်၏။ သို့သော် သူ့ဆောင်းပါးကို ကွိ လက်မခံနိုင်။

ဂိုဏ်းဟောင်း သတင်းစာဆရာကြီး ဗိုလ်မှူးကြီးကောင်း၏ လက်ကတုံး တောင်ဝှေး တရားသေကလေးတခု ရှိသည်။ ကွိကလည်း တရားသေကလေးကို ကျင့်သုံးသည်။ ထိုတရားသေကလေးမှာ သတင်းစာ အာဘော် ကော်လံတွင် ဖော်ပြသမျှ ခေါင်းကြီး၊ ဆောင်းပါး၊ အယူအဆများအတွက် အယ်ဒီတာက တာဝန်ခံရမည်။ ထိုကော်လံကို အစဉ်သဖြင့် စင်ကြယ်သန့်ရှင်းနေစေရန်အတွက် အယ်ဒီတာ၏ ကိုယ်ပိုင်ယူဆချက်များအား စစ်မှန်စွာ ထင်ဟပ်သည့် စာကိုသာ ထည့်သွင်းဖော်ပြရမည် ဟူသတည်း။

ထို့ကြောင့်လည်း ဗိုလ်မှူးကြီးကောင်းသည် ဒါရိုက်တာများက ရေးပေးသော ခေါင်းကြီးများ၊ ဆောင်းပါးများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ ထိုငြင်းပယ်ချက်များနှင့်အတူ သူ့နုတ်ထွက်စာကို တပါတည်း ပူးတွဲပေးပို့လေ့ရှိသည်။
လတ်တလေအချိန်တွင် ကွိသည် ဗိုလ်မှူးကြီးကောင်းကိုယ်စား အယ်ဒီတာ တာဝန်ထမ်းနေရသည်။ လွန်ခဲ့သည့်လေးရက်ကပင် ဗိုလ်မှူးကြီးကောင်းက သူ့ကို တယ်လီဖုန်းဆက်၍ ဒွိဟ ဖြစ်သည့် ကိစ္စများကိုသာ သူ့ထံ သို့မဟုတ် ဒါရိုက်တာများထံ မေးမြန်းရမည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် မြဲမြဲ မြံမြံ ရပ်ပြီး လုပ်ကိုင်သွားရမည်ဟု မှာထားခဲ့သည်။

ကွိ၏ သိပ္ပံပညာရှင်ရင်ထဲတွင် အစွဲအလမ်းရှိသည်ဆိုလျှင် ထိုအစွဲအလမ်းသည် မတွန့်မဆုတ်သော အမှန်တရားအတွက်သာ ဖြစ်သည်။ ယခု အရေးအခင်းတွင် ပို့စ်သတင်းစာက ရေငုံနှုတ်ပိတ်လုပ်နေရသည့်အတွက်ပင် သူ၏ အမှန်တရားစိတ်ကို ညစ်နွမ်းပန်းလျစေလှပြီ။ ရိုးသားဖြောင့်မတ်သော သတင်းစာ ဟူသည် ကိုယ့်ပတ်ဝန်းကျင်မှ ပြဿနာတခုအပေါ်တွင် ထင်မြင်ဝေဖန်ချက်ပေးသင့်သည်ဟု သူ့လိပ်ပြာက စေ့ဆော်နေသည်။

ယခု ဝက်စ်၏ ဆောင်းပါးကို အာဘော်ကော်လံအဖြစ် ဖော်ပြရမည်ဆိုလျှင် သူ၏ အမှန်တရားစိတ်ကို ပြိုကွဲပျက်ယွင်းစေတော့မည်။ မိမိမှ လွဲ၍ တခြား တပါးသူတို့ သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ။ ပို့စ် အယ်ဒီတာသည် မိမိသဘောမတူသော ဝက်စ်၏ အယူအဆကို လက်ခံသည်ဟူ၍ ဆိုရာရောက်စေပေတော့မည်။

ည ၈ နာရိတွင် ဝက်စ်ထံတွင် တယ်လီဖုန်းဆက်၍ ]] မစ္စတာဝက်စ်၊ ခင်ဗျားဆောင်းပါးကို ကျွန်တော် မထည့်နိုင်ပါဘူး။ ဝမ်းနည်းပါတယ်}}

]]အလို ရန်သူဆိုတာ ကိုယ့်မိသားစုထဲမှာ ရှိတယ်ဆိုတာ ဒါမျိုးပါလား။ ဘာဖြစ်လို့လဲ အယ်ဒီတာကြီးရဲ့}}

ကွိက သူ့သဘောထားကို ရှင်းပြသည်။

]]ကျေနပ်စရာမရှိဘူးလို့ ယူဆရင် ကျွန်တော့်နုတ်ထွက်စာကို အခုတခါတည်း တင်ပါတယ်။ သတင်းစာကို ခင်ဗျားပဲ ခုချက်ချင်း လာကိုင်ပါတော့}}

]]ကိစ္စမရှိပါဘူးလေ။ အမှိုက်ခြင်းထဲသာ ထည့်လိုက်ပါတော့။ တခုမေးပါရစေ။ ခရော်နီကယ် သတင်းစာက ရေးနေတာတွေ ခင်ဗျား သဘောတူသလား}}
]]မတူဘူး}}
]]ဒါဖြင့် ခင်ဗျား သဘောမတူတာ နက်ဖြန်ခါကျ မဖော်ပြတော့ဘူးလား}}
]]ဒါတော့ ကျွန်တော် လုပ်နိုင်တာပေါ့}}

နောက်တနေ့ထုတ် သတင်းစာအတွက် ကွိ ခေါင်းကြီးရေးသည်။ သတင်းစာရောင်းကောင်းစေရုံ သက်သက်မျှဖြင့် လူတန်းစား မုန်းတီးရေးကို လှုံဆောင်ရန် မသင့်ကြောင်း ဝေဖန်သည်။
ခရော်နီကယ် သတင်းစာက ပို့စ်သည် ဝက်စ်ဘက်မှ ဝင်၍ မိုးကြိုးပစ်ရာ ထန်းလက်ကာသည်။ ဝက်စ်၏ လက်ကိုင်တုတ်သတင်းစာကပင် သူတို့ အချစ်တော်ကလေးကို ဝံ့ဝံ့စားစား မထောက်ခံနိုင်သည်မှာ အံ့ဩစရာမရှိ။ ခရော်နီကယ်၏ မကြောက်တမ်း မရွံ့တမ်း ဖွင့်ချမှုကြောင့် လူထုကြီးက ဒေါသအိုးပေါက်ကွဲနေပြီ ဖြစ်သည် စသဖြင့် တုံ့ပြန်တိုက်ခိုက်လေသည်။

ဝက်စ်သည် အပြုံးမပျက် စိတ်ချုပ်တည်းနိုင်သည်။ ရှာလီဝေလင်က သူ့ကို အပြည့်အဝ ထောက်ခံသည်။ သူလုပ်သမျှ မှန်သည်ဟု ယုံသည်။ သို့သော် မစ္စအေဗာရီ၏ စကားကို ဝက်စ် နားပိုဝင်သည်။

]]သူတို့က ရှင့်ကို အကောင်းထင်တာမဟုတ်ဘူးရှင့်။ ဒီလိုဖြစ်ရတာ နယ်သစ် ပယ်သစ်ရှာချင်တဲ့ ရှင့်မှာလဲ တာဝန်ရှိတယ်။ ရှင့်မိတ်ဆွေတွေမှာလဲ တာဝန်ရှိတယ်}}

စနေနေ့တွင် ကောလိပ်ဂေါပကအဖွဲ့အစည်းအဝေးကျင်းပသည်။ ခရော်နီကယ် သတင်းစာကမူ မှန်မှန်ကြီး တိုက်ခိုက် ရေးသားလျက်ရှိသည်။ ထိုနေ့ထုတ် သတင်းစာတွင် ]]ကောလိပ်ဥက္ကဌ အလိုရှိသည်။ လူတန်းစား ဥက္ကဌ အလိုမရှိ}} ဟူသော ခေါင်းစဉ်ဖြင့် ခေါင်းကြီးရေးပြီး ကောလိပ် အုပ်ချုပ်ရေးသစ် ပြောင်းလဲသင့်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ကို ပွင့်လင်းစွာ တိုက်တွန်းသည်။ ဂေါပကအဖွဲ့ဝင်အချို့က အူယားဖားယား လိုလိုလားလား လက်ခံမည့် တိုက်တွန်းချက်ပင်ဖြစ်တော့သည်။

မစ္စတာဝင်းတားက ဝက်စ် တာဝန်ထမ်းဆောင်ခြင်းမှ ခေတ္တရပ်နားနေရန် အစည်းအဝေးတွင် အဆိုတင်သွင်းသည်။ ဝက်စ်က ငြင်းသည်။
ဥက္ကဌအား မှိုချိုး မျှစ်ချိုး ပယ်ပယ်နယ်နယ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်သည့် ဝင်းတားက ဥက္ကဌကြီး တာဝန်ဆက်လက်ယူခြင်းသည် ဘလိန်းကောလိပ်၏ အကျိုးစီးပွားကို ဆန့်ကျင်ကြောင်း အဆိုတင်သည်။ ၉ မဲ ၃ မဲ ဖြင့် အဆိုရှုံးသွားသော်လည်း ဝက်စ်အဖို့ ထို အစည်းအဝေးသည် သူ့တသက်တာတွင် စိတ်မချမ်းမြေ့ဖွယ် အကောင်းဆုံးဖြစ်ရပ်တခုအဖြစ် အမှတ်ထင်ထင် စွဲကျန်ရစ်တော့သည်။ ဝက်စ်သည် အစည်းအဝေးမှ စိတ်ဆိုး မာန်ဆိုး စိတ်ပျက်လက်ပျက် ထွက်လာခဲ့လေ၏။

ဝက်စ်သည် သူ့ကိုယ်သူ အနှိပ်ကွပ်ခံ မျိုးချစ်တယောက်အဖြစ် မြင်သည်။ ကောလိပ်ဥက္ကဌ ရာထူးကို လက်ခံခဲ့သည့်အတွက် တနှစ်ဝင်ငွေ ဒေါ်လာ ငါးထောင် လက်လွတ်ခဲ့ရသည်။ ယခု ဤအဖြစ်မျိုးဖြင့် ကျေးဇူးဆပ်ခံရသည်။

သူ့ရုံးခန်းတွင် ထိုင်ကာ သူ့ဘဝကံအကြောင်း မလှပုံများ အတွေးနယ်ချဲ့နေစဉ် ဧည့်သည်တစ်ယောက် ဝင်လာသည်။ မြို့တော် နိုင်ငံရေးလောက၏ နာမည်ကျော် ထိပ်သီး ပလိုနီနီးဖြစ်၏။ ဝက်စ်၏ အကြံပေးချက်ဖြင့် ပို့စ်သတင်းစာက ခေါင်းကြီး တခုတွင် သူ့ကို ]သတင်းပုပ်သော အဂတိဝိဇ္ဇာ} ဟု ကင်ပွန်းတပ်ခဲ့ဖူးသည်။ နီးက သူ့ကို မဖွယ်မရာ ရေးသည်ဟု ယူဆခဲ့သည်။ သို့သော် နီးသည် ရန်ငြိုးတစ်ခုကို ထပ်တွန်းအတိုးဖြင့် မဆပ်နိုင်သေးသရွေ့ မေ့ပျောက်ထားနိုင်သူဖြစ်သည်။

ဂျိမ်းအီးဝင်းတားကို ဘလိန်းကောလိပ် ဂေါပကအဖွဲ့မှ ဖြုတ်ပစ်ရန် အလွန်လွယ်ကြောင်း ပြောရန် လာလည်ခြင်းဖြစ်သည်ဟု နီးက ဆိုသည်။ ထိုကိစ္စကို ပြောကြဆိုကြပြီးနောက် ဝက်စ်က အခြားကိစ္စတခုကို စကားစပ်ပြောသည်။

]]ခရော်နီကယ် သတင်းစာက ခင်ဗျား ခြေထောက်တွေ အငှားသုံးပြီး ကျွန်တော့်ကို ခုန်အုပ်နေတာ တွေ့တယ် မဟုတ်လား}} ဝက်စ်က မရယ်ချင့် ရယ်ချင် ရယ်၍ ပြောသည်။ ]]ဒီလူတွေ ဘာကြောင့် သဲကြီး မဲကြီး လုပ်နေရတာလဲဗျာ။ ပြီးတာလဲ ပြီးပါစေတော့လား}}
]]ဒီလူတွေကို ဘယ်သူမှ အရေးမစိုက်ပါဘူးဗျာ။ ဆယ်ဒေါ်လာ လက်ငင်းနဲ့ ဒေါ်လာတရာပေးမယ်ဆိုရင် နှုတ်ပိတ်လို့ ရပါတယ်။ ဒေါ်လာအစိတ် လက်ငင်းနဲ့ ဒေါ်လာနှစ်ရာပေးရင် ခင်ဗျားအကြောင်း တပတ်သုံးခါ ဘုန်းတော်ဘွဲ့ ရေးခိုင်းလို့ ရပါတယ်။ ကျွန်တော် သူတို့သတင်းစာကို ပရိဘောဂတွေပို့ရင် ထုပ်လို့ ပယ်လို့ ကောင်းတာနဲ့ ဝယ်နေတာပါ}}

နီးသည် ခရော်နီကယ် တစောင်တည်းသာ မှန်မှန်ဝယ်ဖတ်သူဖြစ်သည်။ သို့သော် ထိုသတင်းစာကို ကွယ်ရာ၌ စကားတင်းဆိုရန်ဝန်မလေး။
]]ဒီကိစ္စ ကျုပ်ဝင်မရှုပ်ချင်ပါဘူးဗျာ။ မိတ်ဆွေ တယောက်အဖြစ်နဲ့ ပြောရရင် ခင်ဗျား ဘာဖြစ်လို့ ဒီကလေး ကစားစရာ ကိစ္စတွေနဲ့ ခေါင်းရှုပ်ခံနေရတာလဲ}}
]]ဘာ ကလေးကစားစရာလဲဗျ}}
]]ဒီကောလိပ်ကိစ္စပေါ့။ ခင်ဗျား အဲဒီမှာ ဗိုလ်မဟုတ်ဘူးဗျ။ တနှစ်နေလို့ အတွေးသစ်တခု မပေါ်တဲ့ သမရိုးကျသမားတွေက ခင်ဗျားခေါင်းပေါ် ခွစီးနေတာ။ ဒီမသာကောင်တွေနဲ့တော့ ဂဘရီရယ် ဆင်းလာလဲ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ အဲဒီ ကျစ်စာကျင်းထဲက ထွက်ပြီး တန်းမစီချင်ရတာလဲဗျာ}}

ဂဘရီရယ်။ ။ ခရစ်ယာန် ဘာသာထာဝရဘုရား၏ အကြီးမြင့်ဆုံး တမန်တော် ]]ကောင်းကင်တမန်က ငါသည် ဘုရားသခင် ထံတော်၌ ခစားသော ဂါဗြေလ ဖြစ်၏}}

]]တန်းစီရမယ် ဟုတ်လား}}
]]ခင်ဗျား အဲဒီမှာ အရိုးဆွေးမှာပဲ။ အခု ခင်ဗျားက လမ်းပေါ် လျှောက်အော်နေတဲ့ သတင်းစာ ကိစ္စကို ပြောနေတယ်။ ကိုယ်ပိုင်သတင်းစာနဲ့ ကိုယ်ပိုင်စိတ်ကူးတွေ ဖော်ထုတ်ပြီး လောက်လောက်လားလား လုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်နိုင်မယ့် ကိစ္စကျတော့ ဘာဖြစ်လို့ မလုပ်သလဲ}}
]]ပို့စ်ကို ပြောတာလား}}
]]ပို့စ်သတင်းစာ အယ်ဒီတာက တန်းစီနိုင်တယ်။ ဘလိန်း အထက်တန်းကျောင်း ဥက္ကဋ္ဌက တန်းမစီနိုင်ဘူးပေါ့ဗျ}}
]]ပလိုနီ၊ တန်းစီတယ်ဆိုတာ ခင်ဗျား ဘာကို ဆိုလိုတာလဲ}}
]]ဒီလိုပြောလဲ ဖြစ်တာပဲ။ ဟိုလိုပြောလဲ ဖြစ်တာပဲပေါ့ဗျာ။ ခင်ဗျားနိုင်ငံရေးများ တခါမှ စိတ်ကူးထဲ မထည့်ဘူးလား}}
]]ယေဘူယျ သဘောလောက်တော့ စိတ်ကူးဖူးတာပေါ့ဗျာ}}
မစ္စတာနီးက တံခါးဝရောက်မှ
]]ထပ်စဉ်းစားဦးပေါ့ဗျာ။ နိုင်ငံရေးရုံခါချိန်တော့ နီးနေပြီထင်တာပဲ။ လူတွေက နိုင်ငံရေးမှာ ကျုပ်ကို ဩဇာရှိတယ်လို့ ထင်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ လူတွေပေးတဲ့ မဲဆန္ဒထက် ပိုပြီးတော့ ဩဇာမရှိပါဘူး။ လူတွေက လက်ရှိငနုံတွေကိုတော့ ငြီးငွေ့နေတာ အမှန်ပဲ။ တိုးတက်တဲ့ လူငယ် လူသစ်တွေကို အာဏာအပ်တော့မယ် ထင်တာပဲ}}
ဘလိန်းကောလိပ် ဥက္ကဋ္ဌကလေးသည် ပျော်မြူးကျန်ခဲ့သည်။ ပလိုနီနီး၏ စကားသည် ဒါထက် ပို၍ မပြတ်သားနိုင်။ တန်းစီလျှင် ရာထူးကြီးပေးမည်ဟု သူ့ကို လေသံပစ်သွားခြင်းဖြစ်သည်။ မြို့တော်ဝန် ရာထူးကို ပြောချင်တာဖြစ်မည်။ မြို့တော်ဝန်ရာထူးမှ တဆင့် နောက်လေးနှစ်ကြာလျှင် ပြည်နယ်ဘုရင်ခံ ဖြစ်နိုင်သည်။
ဝက်စ် အတွေးဈာန် ဝင်စားနေသည်။ လက်ရှိရာထူးကို လက်ခံမိသည့်အတွက် သူ့ကိုယ်သူ အံ့ဩမိသည်။ ဤရာထူးသည် ဘောင်ကျဉ်းလွန်းသည်။ အခွင့်အလမ်း ကန့်သတ်လွန်းသည်။ ဒေသစိတ်ကြီးလွန်းသည်။ ပုံပန်းပျက်လွန်းသည်။ ကောလိပ် ဥက္ကဋ္ဌ လုပ်နေသမျှ ကာလပတ်လုံး သူ အညတရသာ ဖြစ်နေလိမ့်မည်။ စက်ဆုပ်စရာ ကောင်းသော ဂေါပကအဖွဲ့မှ တဇောက်ကန်းများ လက်လှမ်းမမှီသော ကောလိပ် ပရဝုဏ်ပြင်ပမှ ပြည်သူတို့က သူ့ကို စင်တော်ကောက်နေပြီ။ သူသည် သန့်ရှင်းသော ဩဇာကြီးသော။ အကြောက်တရားကင်းသော ပြည်သူ့ဝန်ထမ်း အမျိုးအစားသစ် ဖြစ်လာနိုင်သည်။ စိတ်ပျက် အားငယ်နေသော ပြည်သူတို့အား သန့်ရှင်းသော နိုင်ငံရေးလောကသို့ ဦးဆောင်လမ်းပြမည့် မိုးဇက် ဖြစ်လာနိုင်သည်။

မိုးဇက်။ ။ ထာဝရဘုရား၏ မိန့်ကြားချက်အရ ရှေးခေတ်ဟောင်း အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်သူမှ ရှေ့ဆောင်ကယ်ဆယ်ပြီး ထာဝရဘုရားက ပေးမည်ဟု ကတိပြုထားသော နိုင်ငံသို့ ပို့ဆောင်ပေးသူ။ သမ္မာကျမ်းစာ ထွက်မြောက်ရာကျမ်းတွင် မောရှေဟူ၍ ゞင်း၊ ဣသရေလလူမျိုးဟူ၍ゞင်း၊ အဲဂုတ္တုပြည်ဟု ゞင်း၊ ပေးမည်ဟု ကျိန်ဆိုသော ပြည်ဟူ၍ゞင်း ရေးသည်။

သူ့စိတ်အာရုံတွင် မြက်ခင်းဖြူကြီးများ ပေါ်လာပြန်သည်။ ယခုတကြိမ်တွင် သူဂန္တဝင်စာပေးအကြောင်းမဟော။ နိုင်ငံရေးကလိန်ခြုံများအကြောင်းကို ဖွင့်ချပြီး ဟောပြောနေလေ၏။

ဝက်စ်ခေါင်းထဲ၌ ဤအတွေးမြင်မပြတ်မီ ဂျွန်လ ၁ ရက် ည ၁၁ နာရီတွင် ဗိုလ်မှူးကြီးကောင်းသည် ရေချိုးခန်းထဲ၌ လဲကျ သေဆုံးသွားသည်။ ပို့စ်သတင်းစာကို အယ်ဒီတာ မရှိဘဲ ထားရစ်ခဲ့လေသည်။

No comments: